Part...15

727 47 12
                                    

For Unicode

"အာ ဂျောင်ကုရေ...ငါပြောစရာရှိတာကို မေ့နေတာ တကယ်ပါပဲ...ဂျောင်ကုရေ"

ဂျောင်ကုနာမည်အားအော်ခေါ်ရင်း ထယ်ယောင်းကိုယ့်ကိုယ်ကိုယ် အပြစ်တင်သလို ရေရွတ်လိုက်မိသည်။

"ဂျောင်ကု...ဂျောင်ကု"

ထိုအခိုက်မှာပဲ ရေချိုးပြီးနောက် တဘက်တစ်ထည်ခါးမှာပတ်ရင်း ရေချိုးခန်းထဲက ထွက်လာတဲ့ဂျောင်ကုနဲ့ ထယ်ယောင်းမျက်နှာချင်းဆိုင် ဆုံလိုက်သည်။

"ဂျောင်ကု ပြောစရာရှိလို့"

ထယ်ယောင်းကို တစ်ချက်ဝေ့ကြည့်ကာ မသိချင်ယောင်ဆောင်ပြီး ဂျောင်ကုက အဝတ်ရွေးနေသည်။

"ဂျောင်ဂု ... ဂျွန်ဂျောင်ကု"

အနားကပ်လျှက် လက်ကိုပုတ်ကာ ခေါ်နေသည်ကိုပင် မသိကျေးကျွန်ပြုနေသေးသည့် ဂျောင်ကုက လေတောင်ချွန်နေသေး၏။

နေပါဦး အဲ့တာကြောင့်များလား။

ထယ်ယောင်းခေါင်းထဲ အတွေးတစ်ခု ဖျက်ခနဲပေါ်လာရသည်။

"ဂျွန်..."

"ဗျာ...ဗျ ကိုယ့်Amberလေးရေ"

ထယ်ယောင်း စိတ်ပျက်လက်ပျက်နဲ့ နှာခေါင်းရှုံ့လိုက်မိသည်။
ဂျွန်ဂျောင်ကုက တကယ်ရူးသွားပြီပဲ။

မွေးနေ့ရက်ပြီးကတည်းက ဂျောင်ကုဟာ သူ့ကို ဂျွန်လို့ အပြီးတိုင်ပြောင်းလဲခေါ်ဖို့ အမိန့်ပေးခဲ့သည်။တောင်းဆိုသည်မဟုတ်တဲ့ အမိန့်စကားကြောင့် ထယ်ယောင်းလည်း ပေတေပြီး ငြင်းဆန်နေခဲ့တာ။

အခုတော့ ဂျောင်ကုက ဂျွန်လို့ တစ်ခါလောက်မခေါ်ရင်ပင် မကြားချင်ယောင်ဆောင်ပြီး ဆန္ဒပြတတ်နေပြီပဲ။

"ပြောစရာရှိတယ် ခဏထိုင်ဦး"

ထယ်ယောင်းပြောလိုက်တော့ အင်္ကျီရွေးနေတဲ့ ဂျောင်ကုလက်တွေတန့်သွားကာ ထယ်ယောင်းဘေးက စာရေးစားပွဲပေါ် တင်ပါးလေးမှီထိုင်သည်။

တဘတ်ပါးတစ်ထည်က ဂျောင်ကုရဲ့ ခန္ဓကိုယ်ကို လုံခြုံအောင်မဖုံးကွယ်နိုင်။ပေါ်လွင်နေသည့် ဖြူလွင်လွင်အသားအရေနဲ့ ကြံ့ခိုင်တဲ​့ ပေါင်တံခပ်လတ်လတ်တွေက ယောက်ျားပီသမှုကို ပံ့ပိုးပေးသည်။ဝမ်းဗိုက်နဲ့လက်မောင်းမှာလည်း ကြွက်သားအချို့က နေရာယူ၏။
ပါးလှပ်သည့် နှုတ်ခမ်းအောက်မှာတည်ရှိနေတာကတော့ ကြွက်သွားလေးတွေ။ယုန်သွားမဟုတ်တဲ့ ကြွက်သားလေးတွေ။

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Où les histoires vivent. Découvrez maintenant