အပိုင်း(105)uni&zgi

561 25 2
                                    


The Lengend of the blue sea

အပိုင်း(105)

"မား ! ပါး ! ကော! "

"...... "

"မော့ဟွားကျဲ ! ချင်းယွဲ့ကျဲ! ဖုန်းမင်ကော ! လီဝမ်ကော ! "

"........"

အောက်ကလူတွေက အချင်းချင်း စိုက်ကြည့်လိုက်ကြပြီး

သူမဘာလုပ်ချင်နေတာလဲဆိုတာကို မသိပဲ မျက်ဝန်းတွေနဲ့မေးမြန်းနေကြတယ်

"ကောင်းကင်မင်းကြီးကိုလာကူသတ်ပေး သူက ရှစ်ယောက်ကြီးတောင်မှ "

"........."

ရှစ်ယောက် ?

ကိုယ်ပွားအစီအရင်လား ?

အားလုံးမတုန့်မဆိုင်းနဲ့ တက်သွားလိုက်ကြပြီး ကောင်းကင်မင်းကြီးရှစ်ယောက်ပွားထားတာကို လူရှစ်ယောက် မျက်နှာချင်းဆိုင်လိုက်ကြတယ်

"အဲ့နောက်ကော ဘာဖြစ်သွားလဲ ? "

"ဘာဖြစ်သွားရမှာလဲ ကောင်းကင်မင်းကြီးရှုံးသွားတာပေါ့ "

"ဟုတ်လား?"

"ဟုတ်ပ အဲ့ဒါကြောင့် အချစ်နတ်ဘုရားမက ကောင်းကင်နန်း‌ေတာ်တခုလုံးကိုအပိုင်စားရသွားတယ် ဒါပေမဲ့ အချစ်နတ်ဘုရားမရဲ့အကို လီယူလျန်းကိုပဲ နောက်တက်မဲ့ကောင်းကင်မင်းကြီးနေရာကိုပေးလိုက်တာပေါ့ "

"အချစ်နတ်ဘုရားမကရော?"

"အချစ်နတ်ဘုရားမလား သူမကတော့ အင်းး ဘယ်ရောက်နေလဲဘယ်သူကများသိမှာတဲ့လဲ ?"

"ကောင်းကင်နန်းတော်မှာမရှိဘူးလား"

"မရှိဘူးလေ လေနဲ့အတူပျောက်ကွယ်သွားပြီး လေနဲ့အတူ ပြန်ပေါ်လာတတတ်တယ်တဲ့"

"သနားတော့သနားစရာပဲကွနော် "

"ဟုတ်ပကွာ ခမျာမှာ အချစ်အမုန်းဆန်တဲ့ဆက်ဆံရေးအတွင်း အကုန်ချနင်းစ‌‌ေတးခဲ့ရတာ တော်တော်တော့နာကျင်နေမှာပဲ "

"အခုတော့ အဲ့ဒါတွေက ပြီးသွားပါပြီကွာ ဒါပေမဲ့ သုံးဘုံးလုံးမှာတော့ ပြောစမှတ်တွင်သွားတာပေါ့  အဲ့အချိန်ကစပြီး အချစ်နတ်ဘုရားမဆိုရင်အားလုံးကသိကြတယ်လေ ကလေးတောင်မှ အချစ်နတ်ဘုရားမလို့ပြောလိုက်ရင် အငိုတိတ်သွားတာမျိုးကွ"

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalOù les histoires vivent. Découvrez maintenant