Unicode
————စိုးရိမ်ကြောင့်ကြမှုတို့နှင့်အတူအကြောက်တရားကိုလက်ကိုင်ထားလို့ တစ်ကိုယ်လုံးတုန်ရီစွာနဲ့အရေးပေါ်ခွဲစိတ်ခန်းနှစ်ခန်းအလယ်တွင်လူနာစောင့်များထိုင်နိုင်ရန်ပြုလုပ်ထားတဲ့ထိုင်ခုံတန်းပေါ်တွင်ထိုင်ကာအသံတိတ်ငိုကြွေးနေသောကောင်လေးတစ်ယောက်
“ Boss အရင်ဆုံးပြန်ပြီးသန့်ရှင်းလိုက်ပါလား? ”
“ ဟင့်အင်! ငါဘယ်မှမသွားဘူး ရှန်းနားမှာပဲနေမှာ ရွှတ် ”
ဒုခေါင်းဆောင်ရဲ့အဖြစ်ကိုသူလည်းစိတ်မကောင်းပေ boss ကလည်းခွဲစိတ်ခန်းရှေ့မှာထိုင်ကာအသံတိတ်ငိုကြွေးနေတယ်။ သူတို့တွေအားလုံးသိတယ် ဒုခေါင်းဆောင်နဲ့ bossနဲ့ကဘယ်လောက်တောင်သံယောစဉ်ရှိကြလည်းဆိုတာကို။ ဒုခေါင်းဆောင်က boss ကိုချစ်နေတာလည်းသူတို့အားလုံးသိကြတယ်။ ဒါပေမဲ့လည်းဒုခေါင်းဆောင်ကတိတ်တခိုးအချစ်တစ်ခုအဖြစ်သာရှိနေတာကြောင့် သူတို့တွေတောင်သနားခဲ့ကြသေးတယ်။ အခုတော့အချစ်အတွက်အသက်ကိုပေးတယ်ပဲဆိုရမလား?? ဒုခေါင်းဆောင်က boss အစားကျည်ဆံကိုဝင်ခံခဲ့တယ်မလား? အခုတော့အတော်ကိုစိုးရိမ်ရတဲ့အခြေအနေမှာရှိနေတာကြောင့်သူတို့အားလုံးစိတ်ပူကာဆုတောင်းသူကတောင်း တရားခံကိုလိုက်လံဖမ်းနေကြသူများကလည်းဖမ်းနေကြတယ်။သူကတော့ bossကိုစောင့်ရှောက်ဖို့ကျန်ခဲ့တာဖြစ်တယ်။
အခုလည်းသွေးတွေနဲ့နီရဲနေတဲ့အဝတ်စားတွေကိုမလဲသေးပဲ ခွဲစိတ်ခန်းရှေ့မှာသာ ၁နာရီကျော်ကျော်လောက်ရှိပြီ ထိုင်ပြီးငိုနေခဲ့တာ ဒါကြောင့်ပြန်ပြီးအဝတ်စားလဲဖို့ပြောပေမဲ့ မပြန်ပဲ ဒုခေါင်းဆောင်းနားမှသာနေမယ်ဟုဆိုပြီးပြောကာတစ်ဖန်ငိုနေပြန်တယ်
ဟူးးး…ခွဲစိတ်ကုသမှုအောင်မြင်ပါစေ မဟုတ်ရင် boss ပါတစ်ခုခုဖြစ်သွားမှာကိုစိုးရိမ်မိတယ်
ကျည်ဆံကနှလုံးရှိရာဘယ်ဘက်ရင်အုံကိုမှန်သွားတာဆိုတော့ အောင်မြင်နိုင်ချေကနည်းတယ်မလား?? ပြီးတော့ စနိုက်ပါနဲ့သေချာချိန်ပြီးပစ်တာကြောင့် သူတို့ရဲ့စိုးရိမ်ကြောင့်ကြမှုကဂိတ်ဆုံးထိပဲ သူတို့တောင်ဒီလိုဖြစ်နေတာ boss ဆိုရင်သူ့ရဲ့မြင့်မြတ်တဲ့သခင်လေးဆိုတဲ့ဂုဏ်ပုဒ်ကိုတောင်မငဲ့တော့ပဲငိုနေသည်မလား?? ဘယ်လောက်တောင်စိုးရိမ်စိတ်ပြင်းပြကာနာကျင်နေလောက်မလဲဆိုတာကျွန်တော်တော့မစဉ်းစားတတ်တော့ဘူး
YOU ARE READING
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...