"ဘာ!!!"
ရှေ့က ၂ချက်တုန်းက ဘာမှမဖြစ်သလို ဒီတိုင်းနေတဲ့ ခွန်းသက္ကရာဇ်ဈာန်တစ်ယောက် နောက်ဆုံးတစ်ချက်ကျမှသာ ဘာ ဆိုတဲ့အသံကြီး ထွက်လာလေသည်။
"ဘာဖြစ်တာလဲ ငါ့ပြောတာ မှားနေလို့လား"
သူ့ကသာ အံ့သြစွာအော်မိလိုက်သော်လည်း သူရှေ့ကနေပြန်မေးလာတဲ့သူက ပုံမှန်အတိုင်းပင်။
"ခင်ဗျားနဲ့လက်ထပ်တာက ကလေးတွေအရွယ်တုန်းက ကစားသလို အလကားသက်သက်ထင်နေလား လွမ်း"
"အဲ့လိုမဟုတ်မှန်းသိတယ်လေ ဒါပေမယ့် ဒီနည်းက မင်းလည်းအဆင်ပြေ ငါ့လည်းအဆင်ပြေ..."
"ကျွန်တော်က အဆင်မပြေဘူး"
လွမ်းရဲ့စကားတောင်မဆုံးသေးဘဲ ရုတ်တရက်ဖြတ်ပြောလာသော နက်ကြောင့် လွမ်း နားမလည်ပေ။သူ့ကိုသဘောမကျသလို ချစ်လည်းမချစ်ဘူးပြောတဲ့ကောင်က အိမ်ခွဲနေမယ်ပြောပြန်လည်း အဆင်မပြေဘူးငြင်းနေတော့ လွမ်းက ဘာလုပ်ပေးရမလဲ။ဒီဆုံးဖြတ်ချက်ကလည်း စောစောကသူတို့သူငယ်ချင်းတစ်တွေပြောနေတဲ့စကားတွေကြောင့် လွမ်းဆုံးဖြတ်ရခြင်းဖြစ်သည်။
"မင်းက ဘာကိစ္စအဆင်မပြေရတာလဲ"
"လက်ထပ်စာချုပ်လက်မှတ်ထိုးတာက ၂ယောက်လုံး ကိုယ့်အိမ်ကိုယ့်နေဖို့ထင်နေလား"
"ခင်ဗျားကိုပိုင်ဆိုင်ချင်လို့ တခြားသူမပေးချင်လို့ဆိုတာ ရှင်းလား"
သူ့မေးတာကို ဘာကြောင့်လဲဆိုတာ အဖြေရှာနေတဲ့သူအတွက် ဖြေပေးလိုက်သည်။သူ့ကို လာလာပြီး ချောင်းနေတဲ့ဟိုအကောင်ကြောင့် စိတ်မချလို့ သူများဆီပေးလိုက်ရမှစိုးရိမ်လို့ အပိုင်ယူထားတာကို ဟိုအကောင်အမြဲတမ်းဝင်ထွက်နေတဲ့ သူအိမ်ကို နက် က တစ်ယောက်တည်းလွတ်စရာလား။
"မင်း ဘာဖြစ်ချင်တာလဲ"
"ကျွန်တော် ခင်ဗျားပြောတဲ့ သုံးချက်လုံး လက်မခံချင်တာဆိုရင် ဘယ်လိုလုပ်မလဲ"
"ဒါဆိုရင် ရှင်းရှင်းပဲ ငါ့တို့ညှိနှိုင်းတာ အဆုံးသတ်တာပေါ့"
ပြောပြီးထသွားတဲ့သူကြောင့် နက် တစ်ယောက်အမြန်ထ၍ လက်ဆွဲလိုက်ရ၏။စိတ်လေးကလည်း လက်တစ်ဆစ်ရှိတဲ့ လွမ်းဟိန်းထက်မှူး။
VOCÊ ESTÁ LENDO
ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)
Romanceခွန်းသက္ကရာဇ်စျာန်(ခ)နက် လွမ်းဟိန်းထက်မှူး Started date-19.10.2022 Finished date-10.2.2023