နောက်တစ်နေ့မနက်သာရောက်သွားတယ်..။
သူ့ကောင်လေးက သတိရမလာသေးဘူး..။
တစ်ညလုံးမအိပ်ဘဲထိုင်စောင့်နေပြီး...
Arthur ရဲ့လူသေကောင်နီးပါးအေးစက်
နေတဲ့လက်ကိုဆုပ်ကိုင်ကာနှိပ်နှယ်ပေး
နေရသည်...။
သို့သော်လဲ ခုချိန်ထိပြန်နွေးမလာသေးပါ...။
ခုချိန်မှာ သူလဲဆုတောင်းပေးရုံကလွဲပြီး
မတတ်နိုင်တဲ့အခြေအနေ...။
ဒီလိုအချိန်မှာ Arthur ရဲ့လက်လေးဆုပ်
ကိုင်ထားပေးရုံ ဆုတောင်းပေးရုံကလွဲရင်
မတတ်နိုင်တဲ့သူ့ကိုယ်သူ မုန်းမိတယ်..။
ချစ်လှပါချည်ရဲ့ဆိုပြီး တကယ်တမ်းတော့
ဘာမှမလုပ်ပေးနိုင်ဘူး...။မျက်ဝန်းတွေမှေးမှိတ်ထားတဲ့ကောင်လေး
ရဲ့ပါးကိုအသာလေးအုပ်ကိုင်လိုက်သည်..။
သာမာန်ထက်အေးနေတဲ့အထိအတွေ့ကြောင့်
သူ့ရင်ထဲ ဆစ်ခနဲ..။
သူ့ကောင်လေးကိုဆုံးရှုံးရတော့မှာပါလား
ဆိုတဲ့အသိကြောင့်မျက်ရည်တွေက
ပိုးပိုးပေါက်ပေါက်ကျလာသည်...။
ဒါကအိပ်မက်လို့ပဲ သူ့ကိုတစ်ယောက်
ယောက်ပြောပေးကြပါ...။သမားတော်က နောက်တစ်ကြိမ်ထပ်ပြီး
စမ်းသပ်ပေးတယ်...။
စောင့်တော့စောင့်ကြည့်ကြရအောင်..
မျှော်လင့်ချက်တော့သိပ်မထားနဲ့...
ဆိုတာကိုသာပြောတယ်...။ဟက်...မနေ့ကမှတင်..
သူ့ကောင်လေးနဲ့အတူလျှောက်လည်ဖို့
ချိန်းထားသေးတာပဲကို ဒီနေ့လိုချက်ချင်း
ကြီးဒီလိုဖြစ်သွားတယ်ဆိုတာ အဓိပ္ပါယ်
ရှိရဲ့လား...။
တစ်နေ့ကမှ ပြုံးပြုံးရယ်ရယ်ရှိနေသေးတဲ့
ကောင်လေးကလေ...။
ဖြစ်ပျက်သွားတာမှန်ပေမယ့်လဲ သူဒီ
အခြေအနေကိုဘယ်လိုမှလက်မခံနိုင်သေး
ဘူး...။ရုတ်တရက်ဆိုသလိုသူ့ရဲ့ မျက်လုံးတွေထဲ
ဝမ်းနည်းရိပ်တွေပျောက်ပြီး
စူးရဲသွားကာဒေါသအရိပ်အယောင်တွေ
ပြည့်နှက်သွားသည်...။
ခွင့်မလွှတ်ဘူး.....Arthur ကိုဒီလိုဖြစ်
အောင်လုပ်တဲ့သူတွေကိုဘယ်နည်းနဲ့မှ
သူခွင့်မလွှတ်နိုင်ဘူး...။
သေချာပေါက် လက်တုံ့ပြန်ရမှသူကျေနပ်နိုင်
မယ်....။မေ့မြောနေတဲ့ကောင်လေးရဲ့ပါးလေးကို
အုပ်ကိုင်ကာ လက်မနဲ့အသာအယာ
ပွတ်သပ်လိုက်ပြီးကောင်လေးရဲ့နဖူးပြင်လေးကိုလဲအသာလေးနမ်းလိုက်သည်...။
YOU ARE READING
အတိတ်ပုံပြင်[COMPLETED]
Fanfictionကောင်လေးနှစ်ယောက်ရဲ့အတိတ်ဘဝက ကြေကွဲဖွယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်..။ ကောင်လေးနှစ်ယောက်ရဲ့အတိတ်ဘဝက ကြေကွဲဖွယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်..။