🌻-(3)

665 58 16
                                    

ကိုယ်မပိုင်ဆိုင်နိုင်မှန်းသိတဲ့လူတစ်ယောက်ကို မြတ်မြတ်နိုးနိုးငေးကြည့်မိတဲ့အခါ နေကြာတွေကိုသတိရပါ။
နေကိုပဲတစ်ချိန်လုံးမျှော်ကြည့်ငေးရင်း နေအတွက်ပဲအသက်ရှင်တဲ့နေကြာ....

နေကြာပန်းရဲ့ scientific name က Greek ဘာသာစကားကနေဆင်းလာသော Helianthus ဖြစ်ပါသည်။'Helia' က 'နေ'
'Anthus' က 'ပန်း'ဟုအဓိပ္ပါယ်ရသည်။

နေကြာပန်းရဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာ ဇာတ်လမ်းတစ်ခုကတော့...
Zeus ဆိုတဲ့ နေမင်းကြီးမှာ Apollo ဆိုတဲ့ နေနတ်သားတစ်ပါးရှိပါသည်။ Apollo နေနတ်သားဟာ အရှေ့ရပ်မှာရှိတဲ့သူရဲ့ နန်းတော်ဆီသို့ စစ်ရထားစီးပြီး ကောင်းကင်ကနေ သွားလေ့ရှိသည်။
ညနေပိုင်းဆိုလျှင် သူ့ရဲ့ခရီးစဉ်ဟာအဆုံးသတ်ပြီး လှေပေါ်တက်လေ့ရှိပါသည်။

တစ်နေ့မှာတော့ Clytie ဆိုတော့ မြစ်စောင့်နတ်သမီးဟာ Apollo ကိုမြင်ပြီး ချစ်ကြိုက်သွားသည်။

Apollo ကတော့ Clytie ကိုတစ်ချက်တောင်လှည့်မကြည့်ခဲ့သလို ပြန်လည်းမချစ်ခဲ့ပါဘူးသူမှာချစ်ရတဲ့သူရှိပါသည်။

Clytie က Apollo အပေါ် ‌အချစ်မပျယ်ခဲ့ပါဘူး။နေ့တိုင်းကောင်းကင်က Apollo သွားတာကို ကျောက်တုံးလေးပေါ်ကနေ ငေးမောနေလေ့ရှိသည်။

မြစ်စောင့်နတ်သမီးလေးက ၉ရက်လုံးလုံးအစာမစားဘဲ နေနတ်သားလေးကိုပဲ ငေးကြည့်နေခဲ့တာကြောင့် သေဆုံးသွားပြီး ပန်းလေးဖြစ်လာသည်။ အဲ့ဒီ‌ပန်းလေးက နေကြာပန်းပါပဲ။

‌နေကြာပန်း‌ေလးဘဝမ‌ှာလည်း Clytie က နေကိုပဲငေးပြီးရှင်သန်ပါသည်။

...

"မောင် နေကြာပန်းတွေက သနားဖို့ကောင်းတယ်နော်"

"သဲငယ်က မောင့်အတွက် နေကြာပန်းလေးဖြစ်ပါလား မောင့်ကိုပဲချစ်ပြီး မောင့်ကိုပဲ‌ေငးကြည့်"

"‌ေမာင်..အတ္တကြီးလွန်းတာမဟုတ်ဘူးလား"

"မဟုတ်ဘူး မောင်ကသိပ်ချစ်လွန်းတာ"

မောင့်ဘယ်ဘက်လက်မောင်းကို ကိုယ်တစ်ခြမ်းစောင်းပြီး မောင့်ဘက်လှည့်ကာ ခေါင်းအုံးအိပ်နေတဲ့ သဲငယ်ရဲ့ခါးကို ပွေ့ဖက်လိုက်သည်။

Love in the Criminal {Completed}Donde viven las historias. Descúbrelo ahora