Part ( 16 ) ( Unicode )

1.7K 102 12
                                    


ဒီဇင်ဘာ ( ၂၅ ရက် ) ခရစ်စမတ်နေ့

ဒီနေ့တော့ စောလေပြေအေး မွေးနေ့မို့ ဘုရားဝန်းထဲမှာ
စတုဒီသာကြွေးကျလေသည် ကြက်သားဆန်ပြုတ် နဲ့ သာကူ
တရွာလုံး ခေလးမွစ လူကြီးအဆုံး လာကျလေသည်
ရွာမှာစတုဒီသာကြွေးကျတယ်ဆို ကိုယ့်အိမ်မှာကြွေးကျတာထက်ဒီဘုရားဝန်းလေးထဲတွင် ကြွေးကျတာများလေသည်
ရွာသူ ရွာသားတွေအပြင် လမ်းသွားလမ်းလာ ကြုံတဲ့သူပါ
ဝင်စားလို့ရတာမို့ ပိုပြီးပျော်စရာကောင်းပေသည် ။

"အဝစားကြနော် အိမ်ပြန်ရင်ပါဆယ်ပါယူသွားလို့ရတယ်ဗျို့"

နှုတ်သွက် လျှာသွက်ဖြင့်ပြောနေကျသည်ကတော့ ကျော်ပြည့်နဲဲ့ကျော်မျိုးတို့နှစ်ယောက်ပင်ဖြစ်လေသည် ဒေါ်ခင်အေးဦး
ဆောင်တဲ့အမျိုးသမီးကြီးများအဖွဲ့က ချက်ပြုတ်ရေးတာဝန်
ယူလေသည် ဦးစောသာအေးကတော့ ထိုင်တော်မူဘုရား
ကြီးအောက် အတွင်းမှာဘုရားဂေါပကလူကြီး ကျေးရွာလူ
ကြီးတွေနှင့် စကားပြောနေကျသည် စတုဒီသာ လာစားကြ
သူမ်ား အိမ်အပြန် ချိုင့်လေးများနှင့် ပါဆယ်သယ်သွားကြ
သူများနှင့် ဘုရားဝန်းလေးထဲတွင် စည်ကားနေသည်
ဧည့်ခံသူ ကာလသားလူပျိုလေးများကလည်း
အားတက်သရောလုပ်ကူကျလေသည် ပကာသနမပါ တဲဲ့
မွေးနေ့ကုသိုလ်လေးပင် ။

"ကိုယ့် ကလေးလေး မွေးနေ့မှာ ပျော်ရွှင်ပါစေ
နောက်ပြီး ကိုယ့်ကိုလည်း အများကြီးချစ်ပါစေဗျာ "

"အကို မနက်ကအိပ်ယာနိုးတော့လည်း
ဆုတောင်ပေးပြီးပြီလေ "

"အခု နောက်တခါထပ်ဆုတောင်းပေးတာလေ
ကိုယ့်ကလေး ရယ့် "

"ခေါ်ပြန်ပြီ ချာတိတ်ခေါ်လိုက် ကေလး ခေါ်လိုက်နဲ့
ကျွန်တော်က ကလေးလေးမဟုတ်တော့ဘူးဗျ "

"ဟောဗျာ စောက ဒီနေ့မှအသက် ၂၀ ပြည့်တာလေဗျာ
ကိုယ့်ထက် ၅ နှစ်တောင်ငယ်တယ် ကိုယ့်ကလေးပေါ့ဗျာ "

"အကိုနော် . . .  "

"အောင်မလေးနော် သာယာနေလိုက်ကျတာ ဆရာတို့
လာ လာ လူရှင်းပြီ မနက် ၆ နာရီထိုးပြီးကတည်းက
ဧည့်ခံနေရတာအခုမှအမောဖြေရတော့တယ် ၉ နာရီလည်းထိုးပြီ တရွာလုံးလည်းကုန်ပြီထင်ပါတယ် လာလည်းဟိုမှာ
အိုးထဲကသူတို့ဘာသာကြိုက်ရာ ထည့်သွားလိမ့်မယ်
လာ ငါတို့ဝိုင်းလိုက်ရအောင် "

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Donde viven las historias. Descúbrelo ahora