အခန်း ၂၄၃။
မယိမ်းယိုင်မည့် စိတ်ဓာတ်
ရို့ပင်းသည် စစ်ဆေးမေးမြန်းချက် တသီတန်းကြီးကြောင့် အကာအကွယ်မဲ့နေတော့သည်။
သူမက အစတကည်းက မူလတီထွင်သူ မဟုတ်တာကြောင့်ဆိုသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
သူမ တတ်နိုင်သမျှ ဆင်ခြေဆင်လက်များကို ဆွဲထုတ်ကြည့်သော်လည်း မည်သည်ကနေ စရမှန်း သူမ မသိချေ။
“အခု ကျွန်မ သုံးသပ်ချက်ပေးဖို့ မဖြစ်နိုင်သေးပါဘူး။ ကျွန်မ
အတွင်းပိုင်း စစ်ဆေးကြည့်ပြီး ခွဲခြမ်းစိတ်ဖြာရဦးမှာမို့ အချိန်ပေးပါ၊ ဒါပေမဲ့ကျွန်မ အမှားကို ရှာတွေ့ပြီးတာနဲ့ ဒါမျိုးထပ်မဖြစ်စေရဘူးလို့ ကတိပေးပါတယ်။ အဲဒါကြောင့် ကျွန်မကို အချိန်နည်းနည်းပေးပါ…”ရို့ပင်း တတ်နိုင်သမျှ ကြိုးစားပြီး ရှင်းပြနေ၏။
သူမ နောက်မှနေကာ ရှင်းဟယ်အကျယ်ကြီးအော်ရယ်လာသည်။
“နင့်ကို နှစ်တွေသန်းချီပေးလိုက်ရင်တောင် နင် ချို့ယွင်းချက်အမှန်ကို
ရှာတွေ့မှာမဟုတ်ဘူး”“ရှရှင်းဟယ် နင် ဒီမတော်တဆမှုအတွက် ငါ့ကို အပြစ်တင်နေတာရပ်လိုက်တော့။ ဒါမျိုး ဘယ်သူ ဖြစ်နိုင်တာပဲ”
“အဲဒါကိုက နင်မှားနေတာ၊ ငါ့ဒီဇိုင်းနဲ့သာဆို အဲလိုဖြစ်မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ဘာမှားနေလဲဆိုတာ ငါသိပြီး နင်ကတော့မသိဘူးလေ”
ရို့ပင်းက သူမကို မယုံကြည်နိုင်စွာကြည့်လာပြီး ရှင်းဟယ်ပြောသွားသည့်စကားက နားထဲဟိန်းထွက်သွား၏။
‘ငါ့လုပ်နိုင်စွမ်းက အကောင်းဆုံးသက်သေပဲလေ’
ရှင်းဟယ် ထိုသို့ပြောချိန်က ဆိုလိုရင်းကို ရို့ပင်း ယခုမှနားလည်သွားရှာ၏။
အကယ်၍ သူမအတွက်အကျပ်ရိုက်စေသည့်ပြဿနာကို ရှင်းဟယ်သာ ဖြေရှင်းသွားနိုင်ပါက ရှင်းဟယ်က သူမထက် အသာကြီးသာကြောင်း ပြနေသည့် အကောင်းဆုံးသက်သေ ဖြစ်သွားမည်။
သို့ဖြစ်၍ ရှင်းဟယ်က သူမဒီဇိုင်းကို ခိုးခဲ့သည်ဟု မဆိုနိုင်တော့။
![](https://img.wattpad.com/cover/323136830-288-k522031.jpg)
YOU ARE READING
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...