Part...17

649 38 21
                                    

For unicode

အလျင်လိုနေသောစိတ်ကြောင့် ခေါင်းပင်မလျှော်နိုင်ဘဲ ရေကိုသာ သွက်သွက်လက်လက်ချိုးခဲ့ရသည်။ဂျောင်ကုရေချိုးခန်းထဲက ထွက်သည်နှင့် ထယ်ယောင်းက တစ်ဖန်အထဲဝင်သွားပြန်၏။

ခရမ်းရောင် တီရှပ်အကပ်နှင့် ခဲရောင်ဂျင်းအပျော့သားဘောင်းဘီကို တွဲဖက်ဝတ်ဆင်ထားသည့် ဂျောင်ကုဟာ အသက်(၂၆)နှစ်ဆိုတာနဲ့ယှဉ်လျှင် အများကြီး လူငယ်ဆန်သည်။

ဂျယ်မသုံးဘဲ ဖြီးသင်ထားတဲ့ ဆံပင်များဟာ ဟိုတစ်စဒီတစ်စကျနေသော်လည်း သပ်သပ်ရပ်ရပ်ရှိလှ၏။မှန်ရှေ့မှာ ပြင်ဆင်ရင်း Amberထွက်အလာကို စောင့်နေချိန် အိမ်ကိုဧည့်သည်ရောက်လာတာကြောင့် အပြေးအလွှားတံခါးဖွင့်ရသည်။ဒီအချိန်ကြီး ဘယ်ကဧည့်သည်ရောက်လာတာလဲဆိုတာ သူမသိပါ။

"ကင်မ်ဘိုရာ..."

"ဟီးဟီး အစ်ကိုဂျောင်ကု"

လက်ပြရင်း မရယ်ချင်ရယ်ချင်ရယ်လာတဲ့ ဘိုရာ့ကြောင့် ဂျောင်ကုမှာ တံခါးဝ၌ပင် ကြက်သေသေနေခဲ့သည်။

...

"ဘာလိုက်မှာလဲ...မလိုက်နဲ့ မခေါ်ဘူး...အခုပြန်"

ဂျောင်ကုက အသံခပ်တိုးတိုးနှင့် နှင်လွှတ်နေသလို ဘိုရာကလည်း ထိုင်ခုံနှင့်ကော်ကပ်ထားသကဲ့သို့ နည်းနည်းလေးမှမရွေ့။

"ကိုကိုခေါ်ထားတာ"

"မင်းအစ်ကိုကို မအားလို့ ပြန်တော့မယ်လို့ ပြောပြီး နှုတ်ဆက်လိုက်လေ...ငါမုန့်ဖိုးပေးမယ်"

"ကိုကိုက လိုချင်တာဝယ်ပေးမယ် ပိုက်ဆံမယူခဲ့နဲ့လို့ ပြောပြီးခေါ်ထားတာ...ခဲအိုကလည်း ဘိုရာတစ်ခါတလေလေးလိုက်တာကို"

"ငါတို့လည်း တစ်ခါတလေလေး Dateရတာလေ...မင်းနားလည်မှုရှိစမ်းပါ။ရော့ရော့ မုန့်ဖိုး"

ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေပါ ထုတ်ချလာတဲ့ ခဲအိုယောင်းမကြောင့် ဘိုရာ စိတ်မပါဟန်လေးပြုရင်း လက်ဖြန့်လိုက်ရသည်။

"အရင်တစ်ခါကလည်း ပေးထားတာကို..."

"ပြန်တော့"

"ဟာ ညီမလေး ရောက်ပြီလား...ဂျောင်ကု ဘာလို့ ကလေးကို ပြန်ခိုင်းနေရတာလဲ။ငါတောင် တမင်ခေါ်ထားတာကို"

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Donde viven las historias. Descúbrelo ahora