Part 1

232 14 2
                                    

Unicode :

"ဂျောင်ဂု...မင်းအလှည့်ရောက်ပြီကွ"

မန်နေဂျာအစ်ကိုကြီးက စင်ဘေးက ကန့်လန့်ကာ နောက်မှာ ထိုင်နေတဲ့ သူ့လက်ထဲကို မိုက် ထိုးပေးရင်း ပြောလာသည်။

ငွေကြေးမပြေလည်တဲ့ သူတို့မိသားစုအတွက် အထက်ကျောင်းသားဘဝနှင့် သူ ကျောင်းထွက်ခဲ့ရသည်။ နေ့ဘက်ဆိုရင် ကော်ဖီဆိုင်၊ စတိုးဆိုင်တို့မှာ ပင်ပင်ပန်းပန်း လုပ်ရပြီး ညဘက်ဆိုလျှင် ဤစားသောက်ဆိုင်မှာ သီချင်းဆိုကာ ဖျော်ဖြေပေးသည့် အလုပ် လုပ်ရသည်။

သူ အလုပ်တွေ နေ့မနား ညမနားလုပ်သော်လည်း သူတို့မိသားစု စားဝတ်နေရေးကား ပြေလည်သွားသည်တော့ မရှိပါ။

အခုတော့ သီချင်းဆိုရန် အလှည့်ကျပြီမို့ စင်ပေါ်သို့ တက်လာခဲ့သည်။ သီဆိုရန် ချထားသည့် ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး သုံးချောင်းထောက် သံတိုင်ပေါ်တွင် မိုက်ကို တင်လိုက်သည်။ ထို့နောက် မန်နေဂျာအစ်ကိုကြီးက အနက်ရောင် ဂစ်တာတစ်လက်ကို လာပေးသည်မို့ သူ လှမ်းယူလိုက်ကာ လက်ချောင်းတွေကို ဂစ်တာကြိုးတွေပေါ် နေရာယူလိုက်သည်။ ပြီးတော့ မိုက်ကိုလည်း သူ့နှုတ်ခမ်းနဲ့ တပြေးတည်း ဖြစ်အောင် ချိန်ယူလိုက်ပါ၏။

သီချင်းမဆိုသေးခင် စင်အောက်က စားပွဲဝိုင်းက လူတွေဆီ ခဏမျှ ဝေ့ဝဲကြည့်လိုက်သည်။
အင်း...မျှော်နေတဲ့ သူကတော့ မလာသေးဘူးပဲ။

စိတ်ထဲ တွေးနေရုံရှိသေး...ဖြူစွတ်နေသည့်၊ ရင်ဘတ်မှာ အတွန့်အဖတ်များပါသော ရှပ်အင်္ကျီလက်ရှည်နှင့် အနက်ရောင် လည်သာဂျင်းဘောင်းဘီကို လိုက်ဖက်စွာ ဝတ်ဆင်ထားသော အဖြူရောင် အရိပ်ကလေးသည် စားသောက်ဆိုင်ထဲသို့ တစ်လှမ်းချင်း ကျော့မော့စွာ လျှောက်လာခဲ့သည်။

ချပ်ကပ်နေသည့် ဂျင်းဘောင်းဘီကြောင့် ရှည်လျားသည့် ပေါင်တံသွယ်သွယ်တို့ဟာ မီးရောင်စုံကြား ထင်းလင်းလို့ နေသည်။ ထိုအခါ စင်မြင့်ထက်က သူ့ဆီကို ကြည့်နေသော လူတွေထဲကမှ ပုရိသအပေါင်းတို့သည် ထိုအဖြူရောင် အရိပ်ကလေးဆီ အကြည့်ရောက်သွားတော့သည်။

ထိုအရိပ်ကလေးကတော့ ထောင့်ကျကျ စားပွဲဝိုင်းတစ်ခုမှာ ထိုင်ကာ သူရှိရာကို မေးထောက်လျက် တစိမ့်စိမ့် ကြည့်နေခဲ့သည်။ ထိုသို့ စိုက်ကြည့်နေတဲ့ မျက်ဝန်းတွေထဲမှာ ချစ်မြတ်နိုးမှုတွေ အပြည့်ပါနေတာက်ိုလည်း သူမြင်နေရပါ၏။

𝐃𝐎𝐋𝐎𝐑𝐎𝐔𝐒 𝐌𝐀𝐑𝐑𝐈𝐀𝐆𝐄Where stories live. Discover now