ယနေ့က ကောင်းကောင်းလေး ဆေးရုံဆင်းရမည့်နေ့ဖြစ်သည်။
ဒဏ်ရာများက အတော်သက်သာနေပြီမို့ အိမ်တွင်သာအနားယူရင်း ဒေါ်လေးမြတ် စီစဉ်ပေးထားသည့် စိတ်ရောဂါဆရာဝန်ကြီးနှင့်သာ တစ်ပတ်လျှင်တစ်ကြိမ်တွေ့ဆုံ ကုသမှုခံယူရတော့မည်သာ...
ခေါင်းတွင် ပတ်တီးစဖြူဖြူလေးမရှိတော့သည့် ကောင်းကောင်းလေးက အနည်းငယ်ကိုယ်ရည်စစ်သွားသယောင်...
မည်သည့်အစားကိုစားစား ပျို့အန်နေသည့် ကောင်းကောင်းလေးက လွင်ပြင်သုတ်ပေးသည့် နန်းကြီးသုတ်ကိုတော့ စားနိုင်နေသည်မို့ ကံကောင်းသည်ဟုဆိုရမည်သာ...
အသိစိတ်ပျောက်နေသည့် ကိုယ်ဝန်သည်မို့ လွင်ပြင်တို့ သားအမိသားအဖသုံးဦးမှာ မျက်ခြည်မပြတ် စောင့်ကြည့်နေရဆဲ...
ယခုရက်ပိုင်းအတွင်း အရိပ်ကလည်း နေ့စဉ်မပြတ် ရောက်လာကာ မုန့်နှင့်စားစရာများယူလာတတ်မြဲ။
အရိပ်နှင့် လွင်ပြင့်အခြေအနေကို နှစ်ဖက်မိဘများက သဘောတူလက်ခံထားသည့် အခြေအနေဖြစ်ကာ ကောင်းကောင်းလေး ကျန်းမာရေးစိတ်ချရမှ လက်ထပ်ကြရန် သဘောတူထားကြသည့် အနေအထားပင်...
စီးပွားရေးသမားချင်းဖြစ်ကြသည့် ဒယ်ဒီနှင့် ဦးလွှမ်းစက်ရိပ်ခိုတို့ကလည်း အတော်ပင်လေပေးဖြောင့်ကာ စီးပွားရေးမှစ၍ အခြားကိစ္စတော်တော်များများထိ တိုင်ပင်ဖော်များပင် ဖြစ်လာကြလေပြီ။
မုန်တိုင်းအပြီးလာသည့် လေပြေပမာ အရာရာသည် ပြန်လည်အဆင်ပြေလာလျှက်...
ညီမဖြစ်သူ၏ နှစ်လနီးပါးရှိနေပြီဖြစ်သည့် ပြားချပ်ချပ်ရှိနေဆဲ ဝမ်းဗိုက်ကလေးကိုကြည့်ရင်း လွင်ပြင် သက်ပြင်းချမိ၏။
ကောင်းကောင်းလေး ပြန်ကျန်းမာဖို့ပဲ လိုပါတော့တယ်လေ...
တကယ်ပဲ ဘယ်လိုတွေဖြစ်ခဲ့တာလဲ ကိုကို့ညီမလေးလေးရယ်...
လွင်ပြင့်သက်ပြင်းချသံကြောင့် ပန်းသီးလေးကို အခွံနွှာပေးနေသည့် မာမီက လွင်ပြင့်ကို တစ်ချက်မော့ကြည့်လာရင်း...
" စိတ်မကောင်းဖြစ်နေတာလား သား "
သူ့ကိုကြည့်လာသည့် မာမီ့မျက်ဝန်းများတွင် အရာရာကို နားလည်နေပါသည်ဟူသည့် စကားလုံးများပြည့်နှက်လျှက်...
YOU ARE READING
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...