Chapter -43

658 19 2
                                    

Unicode
————

“ ဘာကြောင့်မင်းတို့ကကောင်းကောင်းရှင်သန်နိုင်ရတာလဲ??? မင်းတို့ကတစ်သက်လုံးပြေးလွှားရင်းနဲ့ပုန်းလျှိုကွယ်လျှိုနဲ့ပဲနေသွားကြရမှာ အဲ့လိုဖြစ်အောင်လည်း ငါလုပ်ခဲ့တယ် ဒါပေမဲ့ ဘာကြောင့်မင်းတို့ကကောင်းမွန်တဲ့ဘဝမှာရှင်သန်နေရတာလဲ!?? အဟက်…ကောင်းတယ် သိပ်ကောင်းတယ်  ဒီလိုဆိုတော့လည်း ငါကိုယ်တိုင်ကပဲ မင်းကိုသတ်ပေးရတော့မှာပေါ့ ဟ ဟား ဟားးး ”

အလင်းရောင်မှိန်ပြပြသာရရှိတဲ့အခန်းကျယ်ကြီးထဲတွင်ထိုင်နေသောလူတစ်ယောက်ဟာ တစ်စုံတစ်ရာကိုမကျေမနပ်ဖြင့်ရေရွတ်နေပြီး လူသတ်ရန်အတွက်ကြံစီနေပြီးဟက်ဟက်ပက်ပက်ကိုကျယ်လောင်စွာရယ်မောနေလေသည်

“ ခေါင်းဆောင်ပြောတဲ့အတိုင်းတကယ်ရှိနေပါတယ် ”

“ ဟားးး…သေသင့်တယ် မင်းတို့ကသေသင့်တယ် အဲ့လိုဖြစ်အောင်လည်းငါကလုပ်တော့မှာ စိတ်မကောင်းပါဘူးကွာ…သူ့ကိုစောင့်ကြည့်ထား အ‌ခွင့်အရေးရတာနဲ့ဖမ်းခေါ်လာခဲ့ ”

“ ဟုတ်ကဲ့ ”

သူ့ရှေ့ကတပည့်ဖြစ်သူထွက်သွားတာနဲ့သူလည်းထိုနေရာကနေထွက်လာခဲ့လိုက်တယ်

သူတို့ကတကယ်ကိုသေသင့်တယ် ဘာကြောင့်အခုချိန်ထိအသက်ရှင်နေရသေးတာလဲမသိဘူး။တကယ်ဆိုရင်မင်းတို့ကအဲ့ဒီအချိန်တည်းကသေသွားရမှာ အခုတော့ငါ့ရဲ့လက်တွေကမင်းတို့ရဲ့မသန့်ရှင်းတဲ့သွေးတွေပေရတော့မယ်။

ကျစ်…စိတ်ရှုပ်ဖို့ကောင်းလိုက်တာ

___________&&&&&&_____&&&___

“ အန်တီယွင်… ”

“ ဟုတ်ကဲ့ သခင်ကြီး ”

“ ကျွန်တော်ပြင်ဆင်ခိုင်းထားတဲ့အရာတွေပြီးပြီလား? ”

“ ဟုတ်ကဲ့ အကုန်ပြင်ဆင်ပြီးသွားပါပြီ ”

“ ကျေးဇူးတင်းပါတယ် ”

“ မလိုပါဘူး သခင်ကြီးရယ် ဒါနဲ့ဘယ်သူလာမှာမို့အဲ့လိုပြင်ဆင်ခိုင်းထားတာလဲ??? ”

“ အဟင်း…ကျွန်တော်ချစ်ရတဲ့သူလေးလာမှာ ဒါကြောင့်… ”

ဒီနေ့သူ့ရဲ့ကလေးငယ်ကအိမ်တော်ကိုလာလည်မယ်ဆိုတာကြောင့်အန်တီယွင်ကိုသူလေးအကြိုက်တွေပြင်ဆင်ခိုင်းထားခြင်းဖြစ်တယ်။ သူအန်တီယွင်ကိုမေးလိုက်တော့ပြင်ဆင်ပြီးပြီးတဲ့လေ ဒါကြောင့်သူလည်းကျေးဇူးတင်စကားဆိုလိုက်တယ် အန်တီယွင်ကမလိုကြောင်းပြောပြီး 'ဘယ်သူလာမှာမို့ပြင်ဆင်ခိုင်းတာလဲ?'ဆိုပြီးမေးလာတာကြောင့်သူလည်းပြောပြလိုက်တယ်

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  } [ပြန်လည်ပြင်ဆင်နေသည်]Where stories live. Discover now