သူလိုအပ်နေချိန်တိုင်း

659 75 0
                                    

Unicode

"သူလိုအပ်နေချိန်တိုင်း"Part.2

ပါဝင်သည့်ဇာတ်ကောင်-ကြည်သာလရိပ်
                                         နွေလဝန်းငယ်
                                         ကြည်သာပိုင်ဇေ

(မူရင်းficနဲ့ထပ်တူကျခြင်းလုံးဝမရှိပါ)
-----------------------❤️❤️❤️-----------------------
‌‌စားနေတဲ့ခေါက်ဆွဲသည်းပြီးချောင်းဆိုးလာတဲ့
လရိပ်ကိုငယ်ရေအမြန်တိုက်လိုက်ရသည်၊
ချောင်းဆိုးရပ်သွားတော့မှအထိတ်ထိတ်အလန့်
လန့်နဲ့လရိပ်ကငယ့်ကိုပြန်ကြည့်လာသည်။

"ဘာ.ဘာဖြစ်လို့မေးတာလည်းဟင်"

"ဪ..ဘာမှမဟုတ်ပါဘူးအကြာကြီးချစ်ခဲ့ကြ
တဲ့ချစ်သူတွေပြတ်သွားတော့အကြောင်းအရင်း
ရှိမယ်ထင်လို့အလင်းချိုရနေတဲ့နင့်ရဲ့အချစ်တွေ
ငါ့ဆီရောက်လာတာကို....မယုံနိုင်သေးလို့လေ"

ငယ်ပေါ့ပါးစွာ‌ပြုံးပြုံးလေးပြောလိုက်တော့မှ
လရိပ်ကမသိမသာသက်ပြင်းချသည်၊လရိပ်
အနေနဲ့လည်း၂နှစ်မပြည့်ခင်နွေလဝန်းငယ်
အမှန်တိုင်းသိသွားပြီးနာနာကျည်းကျည်း
ကွာရှင်းသွားမှာကြီးကိုအဖြစ်မခံနိုင်ပေ၊
အလင်းချိုရဲ့အစ်ကိုက၂နှစ်လောက်နေရအုံး
မယ်လို့ပြောထားသည်မလား။

"မယုံစရာဘာအကြောင်းရှိလည်းငယ်ရယ်
အခုငါကနင့်ရှေ့မှာလေ"

လရိပ်ကငယ့်ပါးကိုရွှတ်ကနဲလှမ်းနမ်းသည်၊
သံသယဝင်လာမှာဆိုးတာကြောင့်ထိုသို့နမ်း
လိုက်တာပင်၊ခေါက်ဆွဲကိုပြန်ငုံ့စားနေတဲ့လရိပ်
ကတော့နာကျင်ပြုံးလေးပြုံးသွားတဲ့ငယ့်ကို
မမြင်လိုက်တော့ပေ။

                                🌼🌼🌼
အချိန်တွေကုန်တာမြန်လိုက်ပုံများတော့ငယ်နဲ့
လရိပ်လက်ထပ်ထားပြီးဒီအိမ်လေးမှာနေ နေတာ
၁နှစ်ကျော်သွားလေပြီ၊အားလုံးဟာသာသာယာ
ယာရှိလှသည်၊လရိပ်ကလည်းငယ့်အပေါ်ဂရုစိုက်
ပြပြီးပျော်အောင်ထားသည်၊လရိပ်ငယ့်ဘေးက
နေထွက်သွားမှာကိုတောင်ငယ်ကြောက်လာ
တော့သည်၊ငယ်တော့လောဘတွေကြီးလာမိ
ပြန်ပါပြီ။

သစ်ခွပင်လေးတွေကိုရေဗူးလေးနဲ့လိုက်ဖြန်းနေ
တုန်းကျောဘက်ကိုဖက်တွယ်လာတဲ့လရိပ်
ကြောင့်ငယ့်ကိုယ်လေးတုန်သွားရသည်၊မသိရင်
တစ်ကယ်ချစ်နေကြတဲ့အတိုင်းပင်၊ငယ့်ကို
ကောင်းကောင်းကြီးလိမ်နေတဲ့လရိပ်ကိုမုန်း
ကြည့်လိုက်ချင်သည်၊သို့ပေမဲ့ငယ့်အတွက်
မဖြစ်နိုင်ပေ။

𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔(ခေတ္တရပ်နားခြင်း)Onde histórias criam vida. Descubra agora