[Zawgyi]
EP.❤️10❤️ကျွန်တော်တို့နှစ်ယောက်ရဲ့ အကြောင်းကို.
ဘယ်သူမှ မသိအောင် ဖုံးကွယ်ထားဖို့အတွက် ကျွန်တော်ကပြောတော့ မောင်က လက်မခံခဲ့ဘူး.။မောင်က ဘယ်သူကိုမှ အရေးစိုက်စရာမလိုဘူးလို့ ပြောပေမယ့် ကျွန်တော်ဘက်က လက်မခံခဲ့ဘဲ..လောလောဆည် ဘယ်သူမှမသိအောင်ဖုံးကွယ်ထားဖို့ကိုဘဲ ဇွတ်အတင်းပြောခဲ့တယ်။
နောက်ဆုံးတော့ မောင် ကအလျော့ပေးလိုက်ပြီး..ကျွန်တော်တို့ နှစ်ယောက်အကြောင်းကို ဖုံးကွယ်ထားဖို့ ဆုံးဖြတ်လိုက်ကြတော့တယ်။
အမှန်က ကျွန်တော် နှစ်ယောက်အကြောင်းကို မင်းဆက်သွင် သိအောင် ဘယ်ကနေ စပြောပြရမယ်မှန်း မသိလို့ တမင် ဖုံးကွယ်ထားဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်။
""ဟိတ်..""
""ဟမ်...မောင်..မင်း ဘာလာလုပ်တာလဲ..""
ကျောင်းဆင်းချိန် မောင်က ကျွန်တော် တို့အတန်းရှေ့ကို ရောက်လာတာမို့ ကျွန်တော် နည်းနည်းတော့ အံ့ဩသွားပြီး အနားနားကပ်ကာ တိုးတိုးလေးမေးလိုက်မိတယ်။
""မာန်ကလဲ..မင်းနဲ့ချစ်သူဖြစ်တာ ၃ရက်တောင်ရှိနေပြီ..ဘယ်အချိန် ထိ ဖုံးကွယ်ထားရဦးမှာလဲ..""
မောင်က စိတ်မရှည်ဟန်နဲ့ ဆိုလာတယ်။
"",မောင်ကလဲ..""
""မောင်ကလဲ..လုပ်မနေနဲ့...မာန်..ကိုယ်ကတော့ ဘာမှ မကြောက်ဘူးနော်..သူများတွေ ဘယ်လိုဘဲ ကြည့်ကြည့်..ဘယ်လိုဘဲ ပြောပြော ကိုယ်ဂရုမစိုက်ဘူး..ကိုယ်ဂရုစိုက်တာဆိုလို့..တစ်ခုဘဲရှိတယ်..အဲ့ဒါ..မင်းက ကိုယ့်ရဲ့ချစ်သူဆိုတာကို..တလောကလုံးကို အသိပေးချင်တာဘဲ..ရှိတယ်..""
""မောင်..စိတ်မဆိုးပါနဲ့ကွာ..'"
ကျွန်တော်ကို မောင် စိတ်ပျက်သွားကို ကြောက်ရွံ့တဲ့စိတ်နဲ့ တိုးတိုးလေး တောင်းပန်လိုက်တယ်။
မောင်က သက်ပြင်းတစ်ချက်ကိုချရင်း..
""ငါ စိတ်မဆိုးပါဘူး..""
မောင်က ကျွန်တော်ရဲ့ လက်ကို လှမ်းပြီးဆုပ်ကိုင်လိုက်တယ်။

VOUS LISEZ
🚨တစ်ခါတုန်းကကျောင်းတော်🚨21+
Roman d'amourအမြဲအနိုင်ကျင့်ခံနေရတဲ့ေကာင်လေးရယ် အမြဲတမ်း ဗိုလ်ကျပြီး အနိုင်ကျင့်တတ်ကောင်လေးရယ် သူတို့ နှစ်ဦးကြားမှာ ပေါက်ဖွားလာတဲ့ ချစ်ပုံပြင်လေးတစ်ပုဒ်အကြောင်းကို ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။