Part - 5 🌸

184 10 19
                                    

[Unicode]

"မိုင်.... ဒီပုစ္ဆာကိုမင်းတွက်နေတာ၃ခါရှိပြီခုထိမမှန်သေးဘူးလား"

"ကိုကိုကလည်းတွက်တာဘဲလေ သူ့ဘာသာသူကိုမမှန်တဲ့ဟာကို။ကိုကိုမသိဘူးလားသင်္ချာ‌တွေ
ပုစ္ဆာတွေကကိုကို့ ကိုလိုက်ရတာထက်တောင်ခက်တဲ့ဟာကို "

ဂေါက် !!!

"အားလားလား ....နာလိုက်တာ။ဒါလေးပြောမိတာကိုဗျာ"

မှိုင်း သူ့ကိုပြန်ပြောနေတဲ့ကောင်လေးရဲ့ခေါင်းကို
တစ်ချက်လှမ်းခေါက်လောက်တော့ဆူပုတ်ပုတ်နဲ့
စာပြန်လုပ်သွားသည်။

ခု မှိုင်းနဲ့မိုင်ကတောင်ပင်ပေါ်မှာရှိတဲ့ချယ်ရီပင်အိုကြီးအောက်ကခုံပြာတန်းလေးမှာစာထိုင်လုပ်နေကြတာဖြစ်တယ်။ဒီနေရာလေးဟာ‌တောင်အောက်ကတော၊တောင်ရှုခင်းတွေကိုလည်းမြင်ရသလိုအေးချမ်းတိတ်ဆိတ်ပြီးသူတို့နှစ်ယောက်ရဲ့သီးသန့်နေရာငယ်လေးတစ်ခုလည်းဖြစ်သည်။

မှိုင်း ဒီကလေးကိုလူရိုသေရှင်ရိုသေဖြစ်အောင်
ဆယ်တန်းလေးတော့အောင်စေချင်သည်။
မိုင် ကဉာဏ်လည်းကောင်းသလို၊ရှင်းပြရင်လည်းတစ်ခါတည်းနဲ့နားလည်တယ်။သို့သော်သူရဲ့အကျင့်ကသူလိုချင်တာရှိမှသာ စိတ်ပါဝင်စားစွာလုပ်တာဖြစ်သည်။ ဒီကလေးကိုလမ်းမှား
ရောက်သွားမှာမှိုင်းရိုးလွင်မလိုလားပါ ....။
ခုလည်းမှိုင်းကသူ့ကိုစာလုပ်ခိုင်းတာကို
ဆယ်တန်း‌စာမေးပွဲရောက်ဖို့တစ်နှစ်ကြီးတောင်လိုသေးတယ် ဘာညာဆိုကာမလုပ်ချင်လုပ်ချင်နဲ့လုပ်နေတာဖြစ်သည်။

"မိုင် မင်းကိုယ့်ကိုချစ်တယ်လို့ဝန်ခံဖူးတယ်မလား"

မှိုင်းမေးလိုက်တော့ စာလုပ်နေတဲ့ ကလေးငယ်က
ခေါင်းထောင်လာပြီး တလတ်လတ်ထနဲ့မျက်ဝန်းဝိုင်းလေးတွေနဲ့ငေးကြည့်လာသည်။

"ဟီး ဟုတ်တယ်လေ ခုအဖြေပေးတော့မှာလား"

"အွန်း....ခုတော့မဟုတ်ဘူး။ဒီတစ်ခါလာမယ့်ဆယ်တန်းစာမေးပွဲကိုအောင်ခဲ့ရင်
ကို‌ယ့်နှလုံးသားကိုမင်းကိုပေးမယ် . . . မိုင် "

"ဗျာ . . .ကိုကိုတကယ်ပြောတာနော် ကတိ"

လက်သန်းလေးထောင်ပြီးသူ့ဆီက ကတိတောင်းတဲ့ကလေးငယ်ကမြတ်နိုးဖွယ်ရာအတိ . . .။

မှိုင်းငွေ့လွှမ်းခြုံချယ်ရီရိပ်မြုံTempat cerita menjadi hidup. Temukan sekarang