[Zawgyi]
EP.❤️11❤️ကျွန်တော်တို့ စကိတ်ကွင်းရောက်တော့
ကျွန်ဝောာ် စိတ်ထဲ နည်းနည်းတော့ ထိတ်လန့်သွားတယ်။စကိတ်ကွင်းလာဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာဖြစ်ပေမယ့်.ကျွန်တော် တစ်ခါမှ မမေးမိဘူး..မောင် စကိတ်စီးဖူးရဲ့လားလို့လေ.။.
ငါ အတော်ပေါ့ဆပါ့လားဆိုပြီး..စိတ်ထဲကနေ ညည်းညူလိုက်ပေမယ့်..ယောင်ပြီး နုတ်ကနေ အကျယ်ကြီး အော်ညည်းမိလိုက်သလို ဖြစ်သွားတယ်လေ.။
""ဘာဖြစ်နေတာလဲ..""
မောင်က ပြုံးရင်းမေးလာတယ်။
ကျွန်တော် ပြုံးပြီးခေါင်းခါလိုက်တယ်။
ကျွန်တော်တို့တွေ ကောင်တာဆီ လျှောက်သွားရင်း...""ငါ မမေးလိုက်မိဘူး..မောင်..မင်း စကိတ်စီးတတ်လား ဆိုတာကို..""
""အင်း..ခဏနေရင်..သိလာမှာပါ..""
မောင်က ပြုံးပြီး ပြောရင်းနဲ့ ကောင်တာဆီကို ပြေးသွားတယ်။ ၀င်ကြေးပေးလိုက်တော့ ၀န်ထမ်းလေးက ရိုလာစကိတ်ဖိနပ်နှစ်စုံကို ထုတ်ပေးလိုက်တယ်။
မောင်က စကိတ်တွေကို ယူလာပြီး တစ်စုံကို ကျွန်တော်ဆီ လှမ်းပေးတယ်။
ကျွန်တော်လဲ စကိတ်ဖိနပ်ကို ၀တ်လိုက်ပြီး ကွင်းထဲမှာ တစ်ပတ်လောက် ပတ်စီးလိုက်တယ်။
ကျွန်တော် စကိတ်စီးရတာ အရမ်းအဆင်ပြေနေပြီ။ မောင်ကို လှမ်းကြည့်လိုက်တော့ မောင်က အခုထိ စကိတ်ဖိနပ်ကို ၀တ်လို့မပြီးသေးဘူးလေ ။
ကျွန်တော်လဲ မောင်ဆီ ပြန်သွားလိုက်ပြီး မောင်ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်တယ်။
""မောင်..မင်း ဖိနပ်ကြိုးကိုတောင် ကောင်းကောင်း မချည်တတ်ဘူးလား.""
ကျွန်တော်က ရယ်ရင်း ပြောလိုက်တယ်။
မောင်ကလဲ ခေါင်းတစ်ခါခါနဲ့ ရယ်နေတယ်။""ကဲ..ပြီးပြီ..မတ်တပ်ရပ်.""
ကျွန်တော်ပြောလိုက်တော့ မောင်က မတ်တပ်ထရပ်တယ်။သုံးစက္ကန့်တောင်မကြာလိုက်ဘူး မောင် ဖင်ထိုင်ရက်နဲ့ လဲကျသွားတယ်။
ကျွန်တော် အံ့ဩတကြီးနဲ့ မောင်ကို ကြည့်နေမိတယ်။ မောင်က အလျင်မြန် ပြန်ထလိုက်ပေမယ့် နောက်တစ်ခါ ပြန်လဲကျသွားပြန်တယ်။
ESTÁS LEYENDO
🚨တစ်ခါတုန်းကကျောင်းတော်🚨21+
Romanceအမြဲအနိုင်ကျင့်ခံနေရတဲ့ေကာင်လေးရယ် အမြဲတမ်း ဗိုလ်ကျပြီး အနိုင်ကျင့်တတ်ကောင်လေးရယ် သူတို့ နှစ်ဦးကြားမှာ ပေါက်ဖွားလာတဲ့ ချစ်ပုံပြင်လေးတစ်ပုဒ်အကြောင်းကို ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။