Part...18

637 41 7
                                    

For Unicode

December 25မှာ Fashion showပြုလုပ်ဖို့ရှိတာကြောင့် ဂျောင်ကုနဲ့ ဂျီမင်းအပြင် လီဟာနာပါ အလုပ်ရှုပ်နေရသည်။ဒီတစ်ခါပွဲကို စောင့်ကြည့်နေတဲ့လူတွေလည်း အများအပြားရှိလို့ ပွဲစီစဉ်တာကအစ ပြီးပြည့်စုံအောင်ပြင်ဆင်ရ၏။

ဂျောင်ကု အလုပ်လုပ်ရင်းပင် သပ်ပြင်းကြမ်းကြမ်းချလိုက်မိတော့ ရုံးခန်းအပြင်ထွက်လာတဲ့ မစ္စတာအိုက လှမ်းကြည့်သည်။

ဒီလေးငါးရက်မှာ သူအလုပ်ရှုပ်လွန်းလို့ Amberကိုတောင် ဂရုမစိုက်နိုင်။ကျောင်းပြန်တွေမကြိုနိုင်ဘဲ တာဝန်ပျက်ကွက်နေတာလည်း ကြာလှပြီ။Amberစိတ်မကွက်တာကိုပဲ ကျေးဇူးတင်ရမည်။

ဒီShowကိုလည်း မြန်မြန်အပြီးသတ်စေချင်လှပြီ။နှစ်ကုန်ပိတ်ရက်ရောက်တဲ့အခါ Amberနဲ့အတူ ခရီးတွေထွက်ပစ်မည်။

"ဂျောင်ကု နေ့လည်စာသွားစားရင် စားတော့လေ...ငါက မဆာသေးလို့"

"အာ ရပါတယ် ဆရာ...ကျွန်တော်လည်း မဆာသေးပါဘူး"

ကိုယ့်ဘာကိုယ်အတွေးများနေသည်ကို နေ့လည်စာမစားရသေးလို့ ဖြစ်နေတယ်ထင်သွားတဲ့ ဆရာကြောင့် ဂျောင်ကု ငြင်းလိုက်ရသည်။

"အတွင်းရေးမှူးဂျွန်...ဧည့်သည်လာတယ်"

"ဗျာ...ဘယ်သူလဲ အစ်ကို"

အထူးတဆန်းဖြစ်ကာ ဂျောင်ကု မေးလိုက်မိသည်။မိသားစုကလည်း နယ်မှာဖြစ်ပြီး Amberကလည်း ကျောင်းမှာဖြစ်တာကြောင့် သူ့ဆီကို တစ်ခါမှ ဧည့်သည်လာလေ့မရှိခဲ့။

"မသိဘူး ကောင်လေးတစ်ယောက်ပဲ...Lobbyမှာ စောင့်နေတယ်"

မျှော်လင့်ချက်သေးသေးလေးကြောင့် ဂျောင်ကု Lobbyသို့ ဦးတည်ကာသွားမိသည်။တက်ကြွလွန်းနေတဲ့ ခြေလှမ်းတွေကြောင့်  လုပ်ဖော်ကိုင်ဖက်တွေကတောင် အလန့်တကြား ကြည့်ကြသည်။

ဓါတ်လှေကားထဲငြိမ်ငြိမ်လေးရပ်နေသော်လည်း စိတ်ကမငြိမ်။ဘယ်ကထွက်လာတဲ့အကျင့်မှန်းမသိပေမဲ့ လက်တစ်ဖက်ပိုက်ရင်း လက်သည်းကို တတိတိကိုက်နေမိသည်။

တောင်...

ထွက်ပေါ်လာတဲ့ ဓါတ်လှေကား တံခါးဖွင့်သံ။ဘေးမှ လူများလည်း အလျှိုလျှိုထွက်သွားကြသလို ပထမထပ်လည်းရောက်ပြီ။

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Место, где живут истории. Откройте их для себя