လွမ်း တစ်ယောက် နိုးလာတော့ သူ့ရဲ့ခေါင်းက ခေါင်းအုံးပေါ်တွင်မဟုတ်သလို တစ်ခုခုပေါ်ခေါင်းအုံးအိပ်မိနေသလို သူရဲ့ခန္ဓာကိုယ့်သည်လည်း ခါးကနေ လက်တွေဖြင့်ရစ်နွယ်ပတ်ထားကာ တင်းကြပ်စွာ ဖတ်ခိုင်းထားရသည်ကို ခံစားမိသည့်ကြောင့် မျက်လုံးဖွင့်ကြည့်လိုက်မိတော့ တွေ့လိုက်ရသည့်က ရင်ဘတ်တစ်ခုကြောင့် လွမ်း မျက်လုံးပြူးသွားရသည်။
"ငါ့က ဘယ်လိုလုပ်သူ့ရင်ခွင်ထဲရောက်နေရတာလဲ"
မနေ့ညက သူ့ရေချိုးခန်းထဲဝင်သွားသည့်နောက် လွမ်းမှေးကနဲ့ အိပ်ပျော်သွားတာ ခုမနက်မှသာလျှင် နိုးလာသောသူ့အဖြစ်။ဒါပေမယ့် ဘယ်ကနေဘယ်လို ခွန်းသက္ကရာဇ်စျာန်ရဲ့ရင်ခွင်ထဲရောက်နေသည့်အပြင် သူ့လက်ကိုပါ လွမ်းခေါင်းအုံးမိထားလေရဲ့။ပြီးတော့ ခွန်းသက္ကရာဇ်စျာန်ရဲ့လက်တွေကလည်း သူ့ခါးလေးကို ရစ်နွယ်ထားသည့်က တင်းကြပ်စွာပင်။တင်းကြပ်နေသော လက်ထဲကနေ အနည်းငယ်ရွှေ့မကြည့်လိုက်သည့်အခါလည်း ခါးပေါ်ကနေ တစ်ချက်တောင် ရွှေ့မသွားသောလက်ကြောင့် လွမ်းသာ မောသွားရသည်။
နောက်ဆုံးတော့ လွမ်း လည်း မောသွား၍ လက်လျှော့လိုက်ရတော့လေ၏။အဲ့လောက်တင်းကြပ်နေအောင် ဖက်အိပ်နေတဲ့သူရဲ့မျက်နှာကို သူရဲ့ ခေါင်းလေးအနည်းငယ်ရွှေ့ပြီး ကြည့်လိုက်မိတော့ အိပ်နေတာကြောင့် အမြဲတမ်းသေသပ်နေတဲ့ဆံပင်တွေက နဖူးပေါ်ဟိုတစ်စဒီတစ်စကျနေလေရဲ့။ထို့အပြင်အမြဲကျုံနေတဲ့ မျက်ခုံးထူထူတွေကလည်း ခုအိပ်နေရင်တောင် မျက်မှောင်ကျုံထားလေသော ခွန်းသက္ကရာဇ်စျာန်။အမြဲတမ်းစူးရှနေသောမျက်ဝန်းတစ်စုံကတော့ မှေးမှိတ်ထားသည့်အတွက်ကြောင့် မမြင်ရသော်လည်း ဖြောင့်တန်းနေသော နှာတံလေးနဲ့အတူတူ ယောကျာ်းပီသသောမျက်နှာထားသည် ခုလိုအနီးကပ်ကြည့်လေ ပိုပြီးပီသလေဖြစ်နေလေသည်။ဒါအပြင် အဲ့ချောမောပြီးယောကျာ်းပီသနေသောသူကို ပိုချောအောင် လုပ်ပေးလိုက်သောအရာလေးက အနည်းငယ်ပြုံးရုံဖြင့် ပေါ်လာတတ်သော ညာဘက်ပါးချိုင့်။လူဆိုးကောင်ကတော့ သူ့ရဲ့ပါးချိုင့်ကို ကပ်စေးနှဲသည့်ပုံစံက အမြဲတမ်းရေခဲရိုက်မျက်နှာထားပင်။
YOU ARE READING
ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)
Romanceခွန်းသက္ကရာဇ်စျာန်(ခ)နက် လွမ်းဟိန်းထက်မှူး Started date-19.10.2022 Finished date-10.2.2023