Unicode ver.....
25.ဖြူစင်ခြင်း ပြယုဂ်
"အိ! ~~~"
သူ့ဆီ အရှိန်နဲ့ ရောက်လာတဲ့ အရာကို ခန္ဓာကိုယ္ ထိခါနီးမှ အာရုံခံရတာမို့ အမြန်ရှောင်တိမ်းခဲ့ပေမဲ့ ယုန်မဲလေးရဲ့ လက်ကလေး ထိခိုက်သွားရလေသည်။
အဝူးဝူးအော်ပြီး သူ့ကို တိုက်ခိုက်လာတဲ့ မြေခွေးကြောင့် ယုန်ကလေး လကွယ်ခင်မျာ သွေးထွက်နေတဲ့ လက်ကို လျစ်လျူရှူ့ပြီး နတ်တွေ ရှိရာဆီ ပြေးလေတော့သည်။
ိဒီပန်းခြံမှာ မလှုံခြုံတော့ဘူး။ အဲဒါထက်ပို သူအစွမ်းထုတ်သုံးလို့ မရသေးဘူး။ ယခု စေလွှတ်သူက ဘယ်သူမှန်းမသိတာမို့ သူအစွမ်းထုတ်သုံးတာနဲ့ သခင့်နားနေရဖု့ိ အခွင့်အရေးဆုံးရှုံးသွားနိုင်တာမို့ ဒီမြေခွေးလက်ထဲက လွှတ်အောင်သာ ကြိုးစားမိတော့သည်။
ယုန်တစ်ကောင်က ဘယ်လောက်ပဲ အပြေးမြန်တယ်ပြောပြော နတ်မြေခွေးတစ်ကောင်ရဲ့ လက်ထဲ လွှတ်ဖို့ကတော့ လွယ္ကူတဲ့ အရာတော့ မဟုတ်ပေ။
တစ်ဖက်က အသက်အတွက်အသည်းအသန် ပြေးနေရပေမဲ့ တစ်ဖက်ကတော့ အချစ်နဲ့ပတ်သက်ပြီး တရားသူကြီး လုပ်ပေးနေရလေသည်။
အကြောင်းသည်ကား နတ်သူငယ်လေးတစ်ပါးက သူ့ကို မချစ်မနှစ်သက်နိုင်တဲ့ နတ်မိမယ်လေးကို ချစ်လွန်းလို့ သိမ်းပိုက်ဖို့ လုပ်ရာက နတ်မိမယ်လေးက ကံကောင္းစွာ လွှတ်မြောက်လာခြင်းကနေ နောင်ခါ အလားတူဖြစ်ရပ်မျိုးမကြုံရအောင် ကောင်းကင်မင်းကြီးဆီ လာရောက်တိုင်ကြားခြင်း ဖြစ်သည္။
အကြောင္းအလုံးစုံကို သိလိုက်ရတော့ တရားရေးနတ်မင်းလေးက သက်ပြင်းအသာချလေသည္။
"သားတော် ဒီကိစ္စကို ဘယ်လို မြင်လဲ"
"ဒီကိစ္စမှာ အချစ်ကို ခေါင်းစဥ်တပ်ပြီး မေးမြန်းရင်တော့ နှစ်ဖက်စလုံးက မှန်ပါတယ်"
"ဟင်~~~"
ဝမ်ရဲ့ စကားကြောင့္ တရားခွင်က လူတွေအားလုံး ကြောင်အသွားရလေသည်။ နတ်သူငယ်လေးက မှားနေတာကို အသိအသာကြီးနဲ့ သူက ဘာဖြစ်လို့ ဒီလိုမိန့်ဆိုတာလည်းဆိုတာကို နားမလည်နိုင် ဖြစ်နေကြလေသည်။
YOU ARE READING
Let me Cherish you, My Lord (ZSWW) [complete]
FanfictionPlease read this❗️ ဤ Fictionထဲ ပါသမျှ အကြောင္းအရာသည် စိတ်ကူးယဥ် သက်သက်သာ ဖြစ်သည္။ Romance လည်း ပါသလို Dramaလည်း ပါတာမို့ ဖတ်ချင်တယ်ဆိုမှ ဝင္ဖတ်ပါ။ Idolကိုခိုက်စေလိုစိတ် တစ်စုံတစ်ရာမရှိပေမဲ့ အကယ်လို့ မနှစ်သက္ရာ တစ်စုံတစ်ရာရှိသွားခဲ့ရင် ကျော်ခွသွားပေး...