ကောင်လေး

557 62 14
                                    

Unicode

𝗼𝗻𝗲 𝗯𝗼𝘆,𝘁𝗵𝗼𝘂𝘀𝗮𝗻𝗱 𝗳𝗲𝗲𝗹𝗶𝗻𝗴

"မင်းမနက်ဖြန်ကစပြီး အရေးပေါ်ဌာနမှာအလုပ်ပြောင်းဆင်းတော့"

"ဗျာ"

ခေါင်းထဲမိုးကြိုးတွေပစ်သွားသလို၊ငှက်တွေပဲထပျံသွားသလို
ဟီးဆွန်းတစ်ယောက်ဗလောင်ဆူသွားသည်

"ကျွန်တော်..ကျွန်တော်တောင်းပန်ပါတယ်
အဲ့တုန်းကသွေးယိုတာအရမ်းများနေလို့အဲ့အချိန်မှာသာ
မခွဲစိတ်လိုက်ရင်လူနာသေ...

"မလိုချင်ဘူးအီဟီးဆွန်း..မင်းကဆရာဝန်စည်းကမ်းကိုဖောက်လိုက်တာ
မင်းလိုပါမောက္ခတစ်ယောက်ကဒီလိုလုပ်စရာလား..ဟမ်

ခွဲစိတ်ဖို့ဆို အုပ်ထိန်းသူလက်မှတ်လိုတယ်ဆိုတာဘယ်လောက်အရေးကြီးလဲ မင်းလဲသိသိရက်နဲ့ ဘာလို့အဲ့လိုမျိုးလုပ်လဲ...
တကယ်ဆိုမင်းကိုဖြုတ်လိုက်လို့ရတယ်
ဒါပေမဲ့မင်းလိုတော်တဲ့သူတစ်ယောက်ကို ဆေးရုံကလက်မလွှတ်ချင်ဘူး

အဲ့တော့ပြစ်ဒဏ်အနေနဲ့ အရေးပေါ်ဌာနမှာအလုပ်ဆင်း..
ဘယ်အချိန်ပြန်ခေါ်မလဲဆိုတာကတော့ မင်းအပေါ်မှာမူတည်တယ်.."
.
.
.
ဒေါသတွေပဲထွက်သလား၊ စိတ်ပဲတိုသလား၊ မခံမရပ်နိုင်ပဲဖြစ်သလား ကိုယ့်ကိုယ်ကိုတောင်မသိတော့ပဲ ဆေးရုံအုပ်ရုံးခန်းထဲက ဟီးဆွန်းထွက်လာမိသည်။accidentဖြစ်ပြီးအကြီးအကျယ် နှလုံးတွင်းသွေးယိုလာတဲ့လူနာကိုခွဲဖို့တွက်အုပ်ထိန်းသူလက်မှတ်မစောင့်လိုက်နိုင်
စိတ်မြန်လက်မြန်လုပ်တတ်တဲ့အကျင့်ကြီးကို ဖျောက်ရမယ်ဆိုတာသိပေမဲ့ အခုလူနာလဲသေသွားတာမဟုတ်၊ကျန်းကျန်းမာမာပဲ,ဆေးရုံဖိုးလည်းအဆင်ပြေနေတာကို။
သူ့လိုအထူးကုပါမောက္ခတစ်ယောက်က အရေးပေါ်ဌာနမှာဘာသွားလုပ်ရမှာ?

"အာ~ဒေါသတွေထွက်လိုက်တာနော်.."

လေတွေကိုသာ လက်သီးနဲ့ထိုးနေမိသည်
ဒီဒေါသတွေဘယ်သူ့အပေါ်ပုံချရမလဲ??
ပတ်ဆောင်းဟွန်း..

"ပတ်ဆောင်းဟွန်းမင်းနားပူခံလိုက်စမ်းကွာ"
.
.
.
ဝုန်း!!

တံခါးကိုကြမ်းကြမ်းဆောင့်ဖွင့်ပြီး ဆောင်းဟွန်းရုံးခန်းထဲက ဆိုဖာခုံပေါ်ပစ်ထိုင်လိုက်သည်။

𝗼𝗻𝗲 𝗯𝗼𝘆,𝘁𝗵𝗼𝘂𝘀𝗮𝗻𝗱 𝗳𝗲𝗲𝗹𝗶𝗻𝗴(heejake)Where stories live. Discover now