Unicode
"နှင်းဆီဝါ"
ညှိုးနွမ်းဖို့အစပြုနေတဲ့ "နှင်းဆီဝါ"။
ပွင့်ဖတ်တို့မခိုင်တော့တဲ့ "နှင်းဆီဝါ"။
အရှုံးပေးတော့မယ့် "နှင်းဆီဝါ"။
__________________________________
"အူဝဲ...အူဝဲ"သားဖွားခန်းမှထွက်ပေါ်လာသည့် ငိုသံခပ်
စူးစူးလေးဟာ မိခင်တစ်ဦး၏ နာကျင်မှုတွေကို ပက
တိလွင့်စင်ထွက်စေချေသည်။ထိုစဥ် သားဖွားဆောင်
ရှေ့၌ဝယ် စိတ်လှုပ်ရှား၍ ခြေမကိုင်မိလက်မကိုင်မိ
ဖြစ်နေသူတစ်ဦးလည်းရှိနေပြန်ပေသည်။"ဖေဖေ...မေမေက အဲ့အဆောင်ထဲ အကြာကြီးဘာ
သွားလုပ်တာလဲဟင်"ဖြူစင်ခြင်းအတိနှင့် မျက်တောင်လေး
ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မေးလာပါသော ၅နှစ်
အရွယ်ကလေးငယ်၏ စကားကို ထိုသူလျစ်လျူရှုခဲ့
ချေသည်။ကလေးငယ်လေးဟာ ကြောင်တောင်
တောင်လေးဖြင့် သားဖွားဆောင်ကိုတစ်ချက်၊သူ့ဖခင်
ကိုတစ်ချက်ကြည့်ရင်း စဥ်းစားခန်းဖွင့်လို့နေပုံပင်။
ထို့နောက်မကြာလိုက် သားဖွားဆောင်
ရဲ့တံခါးတစ်ချပ်ဟာ ကျွီခနဲအသံတစ်ချက်ပေးရင်း
ပွင့်ဟလာကာအထဲမှ သူနာပြုမလေးတစ်ဦး ထွက်လို့
လာပေသည်။ဖေဖေဟာ သူနာပြုမလေးကို မြင်သည်
နှင့် အားကိုးရာတစ်ခုကို တွေ့သလို အပြေးသွားသည်
မှာ သူ့ကိုတောင်မေ့သွားပုံရချေသည်။ဤသို့ဖြင့် အ
ဖေနှင့် သူနာပြုမမစကားပြောနေသည်မှာ အတန်ကြာ
တော့ သူသိချင်စိတ်ကလေးဖြင့် အနားသို့သွားလိုက်
မိပေသည်။"ဖေဖေ..."
"သား ညီလေးရပြီ...သားလိုချင်နေတာမလား"
ဖခင်၏ စကားသံအဆုံး သူသဘောတကျ
ရယ်လိုက်မိပေသည်။ဖေဖေနှင့်မေမေတို့က အလုပ်
များတာကြောင့် အမြဲသူဟာ အိမ်ဖော်မမနှင့် နေခဲ့ရ
ချေသည်။ဒါကြောင့်မလို့ သူတွေးတတ်စ အရွယ်ထဲ က ကစားဖော်၊ကစားဖက် ညီလေးတစ်ဦးလောက်
လိုချင်ခဲ့ဖူးသည်။အခုတော့ သူ့ဆုတောင်းလေး တကယ် ဖြစ်လာလေပြီ။
ထိုသို့ဖြင့် ဇာတ်လမ်းလေးဟာ ဒီမှအစပြု
ခဲ့ချေသည်။
_________________________________
"အဲဟဲး...!""ဒါငါ့အရုပ်ကွ!"
ပြဲလန်စွာထွက်ပေါ်လာပါသော ကလေး
ငယ်ရဲ့ငိုသံဟာ ဧည့်ခန်းတစ်ခုလုံးကို ဖုံးလွှမ်းလို့သွား
ပါတော့သည်။စိုးရိမ်တကြီးဖြင့်အပြေးအလွှားရောက်
လာပါသော မိခင်ဖြစ်သူဟာ သူ့လက်ထဲမှ အရုပ်ကို
တွေ့သည်နှင့် မျက်နှာဟာ ခပ်တန်းတန်းဖြစ်လို့ သွား
ပေရဲ့။ရှေ့ရှိ အော်ငိုနေသော ညီဖြစ်သူကို ကောက်
ပွေ့လိုက်ရင်း ချော့မြူနေသော သူ့မိခင်ကို ဆူပုတ်စွာ
လှမ်းကြည့်လိုက်ပေသည်။အမြဲအလုပ်ရှုပ်နေတတ်
သောမေမေဟာ သူအရမ်းချစ်သည့်အလုပ်ကို ထွက်
ပြီး ညီလေးအတွက်အချိန်ပိုပေးလေသည်။သူ့တုန်းက
တော့ အိမ်ဖော်မမနှင့်သာထားခဲ့ချေသည်။အခုတော့
သူအရမ်းခင်တွယ်ခဲ့ရသည့် အိမ်ဖော်မမလည်း အ
လုပ်ထွက်လို့သွားလေပြီ။
YOU ARE READING
"Yellow Rose"(one shot)
Short StoryUnicode- ပျော်ရွှင်ခြင်းတွေပျောက်ဆုံးနေတဲ့ "နှင်းဆီဝါ"။ Zawgyi- ပျော်ရွှင်ခြင်းတွေပျောက်ဆုံးနေတဲ့ "နှင်းဆီဝါ"။ ________________________________ Start date-{26.12.2022} End date-{26.12.2022}