အပိုင်း ၃၆၉ ရွှေမိသားစုဂိုဏ်းမှ ကျင့်ပီကြွယ်

417 47 0
                                    

အပိုင်း ၃၆၉  ရွှေမိသားစုဂိုဏ်းမှ ကျင့်ပီကြွယ်၊ လူတိုင်းကို တစ်ယောက်တည်း တိုက်ခိုက်ရန် ကြိုးစားခြင်း

   “ ကမ္ဘာမှာ အတော်ဆုံးတဲ့လား... ငါကလွဲပြီး ဘယ်သူ ဖြစ်နိုင်မှာလဲ”

ထိုမာနကြီးသောစကားနှင့်အတူ လှပသောရှေးဟောင်းဓားတစ်ချောင်းက မြေကြီးပေါ် ထိုးစိုက်၏။ ချက်ချင်းပင်၊ ဓားချီက လှိုင်းလုံးကြီးများကဲ့သို့ အရပ်ရပ်သို့ ပြန့်သွားကာ အင်ပါရီယန်လျှောက်လှမ်းသူများအား နောက်သို့ မီတာတစ်ရာကျော် လွင့်စင်သွားစေသည်။

    လူအုပ်ထဲမှ မရေတွက်နိုင်သော လူများသည် လေးစားမှုနှင့် စိတ်လှုပ်ရှားမှုများဖြင့်အတူ ချူခွမ်းရန်အား လှမ်းကြည့်နေကြသည်။ သူတို့အတွက် ချူခွမ်းရန်၏ ဂုဏ်သိက္ခာသည် မကြာသေးမီကမှ ကျော်ကြားလာသော အင်ပါရီယန်လျှောက်လှမ်းသူများထက် အပုံကြီး သာလွန်၏။

   “ သူ ဒီကို ရောက်လာပြီ... သူဒီမှာပဲ... ချူခွမ်းရန် ဒီမှာ”

  “ အို ဘုရားသခင်။ ဒီလိုမျိုး ကြီးကျယ်ခမ်းနားလှတဲ့ အခါသမယမှာ သူပေါ်ထွက်လာမယ်ဆိုတာ ကျုပ် အလိုလို သိနေတယ်။ ဒီအင်ပါရီယန်လျှောက်လှမ်းသူတွေက အရမ်းတုံးအ ကြတယ်။ ဒါ ဘယ်သူ့ခေတ်လဲဆိုတာ သူတို့ မသိကြဘူး”

   “ ချူခွမ်းရန်က ပညာရှင်တွေကို သတ်တဲ့အချိန်တုန်းက ဒီအင်ပါရီယန်လျှောက်လှမ်းသူတွေ တစ်ယောက်မှ မရှိကြသေးဘူး။ သူတို့က သူ့အတွက် ဘယ်တော့မှ ပြိုင်ဘက်မဟုတ်...”

   “ ဒါက အတိအကျတော့ မမှန်ပါဘူး။ ချူခွမ်းရန်က အလွန်စွမ်းအားကြီးပေမယ့် ဒီအင်ပါရီယန်လျှောက်လှမ်းသူတွေလည်း အားမနည်းဘူး”

“ ဟမ့်၊ ဒီအင်ပါရီယန်လျှောက်လှမ်းသူတွေ အုပ်စုထဲမှာ သူတို့အချို့ဟာ အရင်က ချူခွမ်းရန်ဆီမှာ ရှုံးနိမ့်ခဲ့တာကို မမေ့နဲ့”

လူအုပ်ကြီးက အပြင်းအထန် ငြင်းခုံကြလေတော့သည်။

    ထိုအချိန်တွင်၊ အင်ပါရီယန်တောင်ကုန်းထိပ်၌ အင်ပါရီယန်လျှောက်လှမ်းသူအုပ်စုသည် ချူခွမ်းရန်အား ကြောက်ရွံ့မှုအပြည့်ဖြင့် စိုက်ကြည့်နေကြသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now