အချစ်ဦး🍁
အချစ်ဦးဆိုတဲ့ အဓိပ္ပာယ်လား?
အင်းပြောရရင်...
အချစ်ဦးဆိုတာ
စာအုပ်ဟောင်းလေးတစ်အုပ်လိုပဲပေါ့။
စာအုပ်စင်လေးရဲ့
ထောင့်လေးတစ်နေရာမှာ
ကျကျနနလေးသိမ်းထားတဲ့
စာအုပ်ဟောင်းလေး..
သတိများရခဲ့မိရင် ထိကြည့်မိလိုက်တယ်...
ဒါပေမယ့် ဘယ်တော့မှ ကျွန်တော်တို့ဟာ
ဖွင့်ဖတ်ဖို့မကြိုးစားဖြစ်ခဲ့ကြဘူး...။ထိုစာအုပ်ဟောင်းလေးမှာ
နာကျင်စရာအတိတ်လေးေတွ၊
လွမ်းမောစရာလေးတွေ
ရှိကောင်းရှိခဲ့ကြလိမ့်မယ်။နာကျင်မှုတွေချည်းပဲလားဆိုတော့လဲ
မဟုတ်ပြန်ပါဘူး
သတိများရခဲ့ရင်
ကျွန်တော်တို့နှုတ်ခမ်းလေးက
ပြုံးမိသေးတာ...
ဒါဟာစိတ်ခံစားချက်ရှိသေးလို့လား
ဆိုတော့မဟုတ်ပြန်သေး...။
ဒီအတိုင်းလေး...ဒီအတိုင်းလေးပါပဲ။🍁ကျွန်တော်တို့ဟာ
အချစ်ဦးဆိုတဲ့ ဘဝမှာ
ပထဦးဆုံးဖြစ်တည်လာတဲ့အချစ်ကို ဆယ်ကျော်သက် ဒါမှမဟုတ်ရင်
အသက်အရွယ်အပိုင်းအခြား
တစ်ခုရောက်ရင် ကြုံတွေ့ခဲ့ကြရမှာပဲ....။အချစ်ဦးဆိုတိုင်း ချစ်သူမဖြစ်ခဲ့ဖူးသလို
အချစ်ဦးဆိုတိုင်းမပေါင်းဖက်ကြရပါဘူး။ဘယ်တုန်းကမှလဲ မမေ့ခဲ့ကြသလို။
အရေးတယူလုပ်ပြီးလဲ
သတိမရကြပါဘူး...။
အကြောင်းအရင်းတိုက်ဆိုင်ရင်
သတိရမိတယ်။
တစ်ခါတစ်လေ
သူ့အကြောင်းကို
နားစွန်နားဖျားကြားမိရင်
ဘာရယ်မဟုတ် နားထောင်လိုက်မိတယ်...။
တစ်ခါတစ်လေများ
သူကြိုက်တတ်တဲ့
အစားအသောက်လေးတွေ တွေ့ခဲ့ရင်
သူ့မျက်နှာလေးပြေးမြင်မိတယ်ပေါ့....။အခုပြောမှာက
ယေဘုယျအားဖြင့်ပေါ့လေ...။ဘဝမှာ အချစ်ဆုံးကို မေ့ဖို့လွယ်ပေမယ့် အချစ်ဦးကိုမေ့ဖို့ခက်တယ်တဲ့...။
ဒါဆိုကျွန်တော့်အတွက်ရော?...
“ဘဝတွေ ရည်မှန်းချက်တွေ အားလုံးလွှတ်ချပြီး သူနဲ့အတူနေနိုင်ဖို့အတွက်ပဲ တွေးရင်းပျော်နေခဲ့ဖူးပါတယ်...
သူ့လက်ဖဝါးလေးထက် ကျွန်တော့် လက်သေးသေးလေးထည့်ပြီး လောကကြီးကို စိန်ခေါ်မယ်ဆိုပြီး ကလေးဆန်ဆန်တွေးခဲ့ဖူးပါတယ်...။
ချစ်ခဲ့တာပေါ့....အရာအားလုံးစွန့်လွှတ်ခဲ့ပြီး
သူ့မျက်နှာကိုပဲ ငေးကြည့်တော့မယ်လို့....။
ကျွန်တော်သည် ချစ်ခဲ့ဖူးပါတယ် ဘယ်လောက်တောင်ချစ်ခဲ့ဖူးလဲဆိုရင် အသဲနင့်နေအောင်ပါပဲ...”
YOU ARE READING
အချစ်ဦး
Fanfictionဆယ်ကျော်သက်အရွယ်မှာ စတင်ခဲ့တဲ့ ရင်ခုန်သံလေးကို ဘယ်တုန်းကမှမမေ့ခဲ့ပါဘူး...🍁