Cigarettes's Lips

4 0 0
                                    

ကျွန်မ နာမည် နရီညို ပါ ။ အသက်က 25 နှစ် ။ အရင်ကတော့ Coffee Maker တစ်ယောက်ပေါ့ ။ အခုတော့ အလုပ်ပြုတ်သွားခဲ့ပြီ ။ အလားတူစွာပင် လွန်ခဲ့သော 7နှစ်ခန့်တွင်လည်း ကျွန်မ Coffee Maker အဖြစ်မှ အလုပ်ပြုတ်ခဲ့ဖူးသည်  ။ ထိုနေ့က ကျွန်မ အတွက် ကံတရားက ဘဝသက်တမ်းတစ်လျှောက် မေ့ဖျောက်ရန်အခက်ခဲဆုံး ဖြစ်ရပ်တစ်ခုကို ဖန်တီးပေးခဲ့သည်လေ ။

July 10 , 2015

ကျွန်မ ဒီနေ့ အလုပ်ပြုတ်လာခဲ့တယ် ။ ဆိုင်ရှင်ဖြစ်သူရဲ့ ထိကပါးရိကပါး ပြောဆိုမှုတွေရဲ့ဒဏ်က လွတ်မြောက် လာခဲ့တယ်ဆိုပါတော့ ။ ဒါပေမယ့် ကျွန်မမှာ အလုပ် မရှိတော့ဘူး ။ ပိုက်ဆံအတွက်ကတော့ စိတ်ပူစရာမရှိပါဘူး ။ အဖေ နဲ့ အမေ မဆုံးခင်က ထားခဲ့တဲ့အမွေတွေက အများကြီးပါပဲ ။ ဒါပေမယ့် Coffee Maker ဆိုတာ ကျွန်မ အဖြစ်ချင်ဆုံး နဲ့ အလုပ်ချင်ဆုံး အလုပ်တစ်ခုပဲလေ ။ ကျွန်မ စိတ်ညစ်ညစ် နဲ့ အိမ်ပြန်လာခဲ့ချိန်မှာ မိုးစရွာလာခဲ့တယ် ။

F**k..မိုးကရွာပြန်ပြီပဲ ။

ခပ်တိုးတိုးရေရွတ်ရင်း ကျွန်မ အနီးဆုံး Bus stop တစ်ခုထဲသို့ ဝင်ရန်ကြိုးစားပေမယ့် Bus stop အစား Cafe တစ်ခုကိုသာ တွေ့တာကြောင့် ဆိုင်ထဲကို အလျင်အမြန် ပြေးဝင်မိတယ် ။ မိုးရွာနေလို့ထင်ပါရဲ့ ။ ဆိုင်ထဲမှာ လူသိပ်မရှိဘူး ။ ကျွန်မလည်း စားပွဲဝိုင်းတစ်ခုမှာ ဝင်ထိုင်ပြီး အပြင်ဘက်ကို ကြည့်လိုက်တော့ စိတ်အတော်ညစ်သွားမိတယ် ။

ဒီ မိုးက စဲနိုင်ပါ့မလား ။

ဟုတ်ပါတယ် ။ မိုးစက်'မိုးပေါက်'များဟာ ကောင်းကင်ပေါ်မှ ပျော်ရွှင်မြူးတူးစွာ အလုအယက် ဆင်းသက်လာကြပါပြီ ။ ထီး ဟူ၍ ပါမလာခဲ့သော ကျွန်မအတွက် အခက်တွေ့ရချေပြီ ။ ထိုစဉ် တစ်စုံတစ်ခု ကို သတိရမိသဖြင့် ခပ်သွက်သွက် ရှာဖွေ‌မိသော်လည်း

ဖုန်း..ငါ့ဖုန်း

ဘောင်းဘီအိတ်ကပ်ထဲတွင်ထည့်ထားသော ဖုန်းအား ဆွဲထုတ်၍ ဖွင့်သော်လည်း ဖွင့်မရတော့ပေ ။ ကြည့်ရတာ ရေဝင်သွားသည်ထင်ပါရဲ့ ။ ရလဒ်မှာ စိတ်ညစ်ငြူးဖွယ်ကောင်းလှသည်ကြောင့် "ကျစ်" ခနဲစုတ်သတ်မိသည် ။

အစ်မ ဘာသုံးဆောင်မလဲခင်ဗျ

အနားတွင် လာရပ်သော Waiter ကောင်လေးအား Amaricano တစ်ခွက် မှာကာ ခုံပေါ်တွင် ခပ်လျှောလျှော မှီချကာထိုင်လိုက်သည် ။ မျက်လုံးများအား မှိတ်ထားမိစဉ် Coffee shop မှ ဖွင့်ပေးသည့် သီချင်းအား ခပ်တိုးတိုး ရေရွတ်မိသည် ။

Cigarettes and Amaricano Where stories live. Discover now