အန်ကယ်ကောင်းထက်ရဲ့ဒယ်ဒီကို ရှင်းပြတဲ့စကားတွေကြောင့် တုန်လှုပ်နေရတဲ့သူက ခွန်းသက္ကရာဇ်ဈာန်ဖြစ်နေသလို ခုဒယ်ဒီအမေးကို ပြန်ဖြေတဲ့အဖြေကိုလည်းသူ့မကြားချင်တဲ့အဖြေမဖြစ်ဖို့ဆုတောင်းနေသူကလည်း ခွန်းသက္ကရာဇ်ဈာန်ပင်။ဘာလို့ဆို သူက လွမ်းရဲ့သဘောထားမပါဘဲ ခိုးယူပြေးခဲ့လေ၏။ဒါကြောင့် လွမ်းသာ သူ့ကို ငြင်းဆိုခဲ့လျှင်.....။
"ကျွန်တော် သူ့ကို လက်ထပ်မှပါ"
လွမ်းဖြေတဲ့အဖြေလေးကြားလိုက်ရမှ သက်ပြင်းကိုတိုးတိုးလေးချလိုက်မိလေသော နက်။အပြင်ပိုင်း ရုပ်တည်ကြီးအေးစက်နေတဲ့မျက်နှာထားဖြင့် အဖြေပြန်ပေးမယ့်လွမ်းကို မျက်တောင်မခတ်ကြည့်မိနေသော်လည်း ရင်ထဲတွင်တော့ ဘယ်လောက်ကမ္ဘာပျက်နေလဲဆိုတာ သူ့ကိုယ်တိုင်ကအပြင် တခြားသူမသိနိုင်ပေ။
"သားလွမ်း သေချာပြီလား "
ဦးကောင်းထက် သားငယ်ရဲ့အဖြေကို ထပ်အတည်ပြုသလိုမေးလိုက်မိတော့။
"သေချာပါတယ် ဒယ်ဒီ"
"အင်း ဒါဆိုရင် ကျွန်တော်တို့တွေ မင်္ဂလာကိစ္စဆက်ဆွေးနွေးလို့ပါပြီ ကိုဈာန်"
"ကျွန်တော်ကတော့ မင်္ဂဆောင်ကိစ္စဘယ်လိုလုပ်ချင်လဲဆိုတာ ကာယကံရှင်ဖြစ်တဲ့ သူတို့၂ယောက်သဘောအတိုင်းပဲ"
"သားခွန်းနဲ့သားငယ်လွမ်းတို့၂ယောက်က ဘယ်လိုလုပ်ချင်လဲ"
"ဘာမှမလုပ်ချင်ပါဘူး ဒီတိုင်း ၂ဖက်မိဘတွေကို အသိသက်သေပြုပြီး အိမ်တွင်ပဲ ရှေ့နေနဲ့လက်မှတ်ထိုးချင်ပါတယ် မာမီ"
မာမီရဲ့အမေးကို လွမ်းက ဦးဆုံးဖြေလိုက်သည်။အိမ်မပြန်ခင်ကတည်းက ဒီကိစ္စကို ခွန်းသက္ကရာဇ်ဈာန်နဲ့ညှိနှိုင်းခဲ့ပြီးသားဖြစ်သည့်ကြောင့် ဘာမှတော့မဖြစ်ပေ။
"သားခွန်းကရော ..."
အန်တီခင်က လွမ်းကိုသာ မကဘဲ သူ့ကိုမေးလာလေသည်။
"ကျွန်တော်သဘောက လွမ်း သဘောအတိုင်းပါပဲ"
"သားတို့၂ယောက် အဲ့လိုလုပ်ချင်တာသေချာရဲ့လား ဒယ်ဒီတို့ကတော့ ဒီထပ်မက လုပ်ပေးချင်တာ"
KAMU SEDANG MEMBACA
ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)
Romansaခွန်းသက္ကရာဇ်စျာန်(ခ)နက် လွမ်းဟိန်းထက်မှူး Started date-19.10.2022 Finished date-10.2.2023