"အငယ်ကောင်..ဟိုရောက်ရင် ငါ့ကိုဖုန်းဆက်ကြားလား.."
"အင်းပါကိုကြီးရာ..ကိုကြီးသာ ဒီမှာအဆင်ပြေအောင်နေ.."
"ငါ့အတွက်က စိတ်ပူမနေနဲ့..မင်းအတွက်သာမင်းစိတ်ပူ..ဟိုရောက်ရင်လည်း ခုလိုစိတ်လိုက်မာန်ပါလုပ်မနေနဲ့တော့.."
ဟုတ်သည်။ငွေစက်လင်းခုလို ရွာကို စာသင်သွားရမည်ဆိုသည်မှာ ကျောင်း၌ ကျောင်းအုပ်ကြီးအား ပြန်ခံပြောခဲ့သောကြောင့် ကျောင်းအုပ်ကြီးက စိတ်ဆိုးပြီး ရွာဘက်သို့ တာဝန်ရွေ့ပြောင်းပေးခဲ့တာဖြစ်သည်။လင်းက စိတ်ဆတ်သည်။ကျောင်းမှာ ကျောင်းသားနှစ်ယောက်ရန်ဖြစ်သည်ကို လင်းရဲ့ကျောင်းသားက အထိုးခံရတာဖြစ်သည်။ဒါကို လင်းရဲ့ကျောင်းသားကို ကျောင်းနားမည်ဆိုသောကြောင့် ပြန်ခံပြောခဲ့တာဖြစ်သည်။ရွာဘက်ကို သွားရမယ်ဆိုလည်း ဘာအရေးလဲ..။ပြောချင်နေတဲ့စကားတွေ အကုန်ပြောခဲ့ရသည်လေ..။
* * *
"သားငယ်ရေ..အောက်မှာ သူကြီးရောက်နေတယ်.."အခန်းထဲ၌ ဖီးလိမ်းနေသော အာကာမင်းမြတ်တစ်ယောက် မျက်မှောင်ကြုတ်ကာ အောက်သို့ ဆင်းလာသည်။
"ဘာမှာစရာရှိလို့လဲသူကြီး.."
"မင်းနောက်ကျနေမှာစိုးလို့ပါကွာ.."
"ကျုပ်က ပြင်ဆင်ပြီးပြီ..သွားဖို့ပဲ ကျန်တော့တာ.."
အာကာမင်းမြတ်အား သူကြီးသဘောကျရသည့်အချက်တွေက ဒါတွေလည်း ပါသည်။တစ်ခုခုခိုင်းလိုက်ပြီဆိုတာနှင့် အတိအကျလုပ်တတ်သည်။နောက်ကျတာတို့ဘာတို့မရှိစေရ။ထို့ကြောင့်လည်း သူကြီးက တစ်ခုခုဆို သူ့ကိုသာ ခိုင်းသည်။
နေ့လည်၁၁ခွဲလောက်မှ နွားလှည်းအား မောင်းနှင်ကာ ရွာမှထွက်ခွာလာခဲ့သည်။
နွားလှည်းလေးအား ခပ်မှန်မှန်မောင်းနှင်လာရင်း သီချင်းလေးအား ငြီးကာ လယ်ကွင်းပြင်ကျယ်တွေအား ဖြတ်သန်းလာသည်။လယ်ကွင်းပြင်ကျယ်တွေအား ဖြတ်သန်းပြီးနောက် လမ်းစုံရှိ ကုက္ကိုပင်အောက်၌ အထုပ်လေးအား ဘေး၌ချကာ ဟိုကြည့်ဒီကြည့်ဖြင့် ရပ်နေသော လူငယ်တစ်ယောက်အား တွေ့ရသည်။အာကာမင်းမြတ်လည်း ထိုလူ့စီသို့ လှည်းဖြင့် မောင်းနှင်ကာ သွားလိုက်ပြီး