Unicode
"သူလိုအပ်နေချိန်တိုင်း"Final
ပါဝင်သည့်ဇာတ်ကောင်-ကြည်သာလရိပ်
နွေလဝန်းငယ်
ကြည်သာပိုင်ဇေ(မူရင်းficနဲ့ထပ်တူကျခြင်းလုံးဝမရှိပါ)
-----------------------❤️❤️❤️-----------------------
ငယ်တို့အိမ်ရောက်တော့အထုတ်တွေကိုပိုင်ဇေ
ကအခန်းထဲထည့်ပေးပြီးပြန်သွားလေသည်၊
ငယ်လည်းအခုအခြေအနေမှာရှက်ကိုးရှက်ကန်း
ဖြစ်နေပါသေးသည်၊"ဒီနေ့ဘာမှမချက်ရသေးတော့အပြင်မှာပဲထွက်
စားကြမယ်လေငယ်""နင့်သဘောပါပဲ"
"အဲ့လိုထပ်ပြီးငါ့ဆန္ဒကိုပဲထည့်စဉ်းစားမနေပါနဲ့
တော့..ငါ့ကိုယ်ငါအပြစ်တင်နေမိတာမို့..အခု
နင်နဲ့ငါကဘာအတုယောင်မှမရှိတော့တဲ့စစ်မှန်
တဲ့အိမ်ထောင်ရေးတစ်ခုကြားမှာနော်..ဒီတော့
နှစ်ယောက်သဘောတူဆုံးဖြတ်ရမယ်..အရင်
ကလိုငါ့ဆန္ဒကိုပဲဦးစားမပေးချင်တော့ဘူး"ငယ်ပျော်လွန်းလို့မျက်ရည်ကျတော့မည်၊လရိပ်
ကတစ်ကယ်ကြီးပြောင်းလဲနေတာလား၊နောက်
ဆုံးလရိပ်ကိုငယ်ပြေးဖက်လိုက်သည်၊လရိပ်ရဲ့
ဘယ်ဘက်ရင်အုံပေါ်ကိုပါးလေးအပ်ပြီးလရိပ်
ကိုငယ်ဖက်ထားလိုက်သည်၊အရင်ကဒီလိုဖက်
ခဲ့ဖူးပေမဲ့အခုအခြေအနေနဲ့မတူတာကြောင့်လရိပ်
မှာလည်းမူမမှန်တဲ့ရင်ခုန်ခြင်းတွေဖြစ်ပေါ်နေ
လေသည်၊ငယ့်ကိုပြန်ဖက်ရန်လက်လေးကွေး
လိုက်ပေမဲ့မလုံမလဲမဝံ့မရဲစိတ်ကြောင့်လက်တွေ
ကိုပြန်ဖယ်လိုက်မိပြန်သည်၊သေချာပြန်စဉ်းစား
ကြည့်တော့ဝမ်းနည်းနေတဲ့ဇနီးလောင်းကိုလရိပ်
ပြန်နှစ်သိမ့်ပေးသင့်တယ်မလား၊ငယ့်ကျောပြင်
လေးကိုပုတ်ပေးလိုက်ပြီး"မငိုတော့နဲ့ငယ်..ထပ်ပြီးနင်မျက်ရည်မကျစေရ
ဘူးလို့ကတိပေးတယ်""ငါအရမ်းပျော်တာပဲလရိပ်..ဟင့်.ဒီလိုဖြစ်လာ
လိမ့်မယ်လို့ငါတစ်ခါမှမတွေးဖူးဘူးသိလား""နင်ငါ့ကိုအဲ့လောက်ချစ်တာလား"
ငယ်စကားသံလေးတိတ်သွားပြီးလရိပ်ရင်ခွင်ထဲ
ကထွက်လာလေသည်၊လရိပ်ကိုမျက်ရည်ဝိုင်း
နေတဲ့မျက်ဝန်းညိုလေးတွေနဲ့ကြည့်လာပြီး
ခေါင်းကိုအဆက်မပြတ်ငြိမ့်ပြကာ
ESTÁS LEYENDO
𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔(ခေတ္တရပ်နားခြင်း)
Historia CortaGLဇာတ်လမ်းတိုလေးတွေဖြစ်ပါတယ် နှစ်ပိုင်းပြတ်သုံးပိုင်းပြတ်အပြီးအစီး ဇာတ်လမ်းတိုပါ၊ဖတ်ပေးကြပါအုံး။ (❤️𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔❤️)