[ song recommend - HEATHER by Conan Gray ]
အဖြူရောင် နှင်းဆီပန်းတွေရယ်..
ထိုင်ခုံနေရာအပြည့်တွင် ထိုင်ခင်းနေကြသောလူတစ်ချို့တွေရယ်..
သာယာဖွယ်ကောင်းလှတဲ့ piano အသံငြိမ့်ငြိမ့်တွေရယ်..
သူ့ရှေ့မှောက်၌ရှိနေသော ဒီနေ့ရဲ့အဓိကဇာတ်ကောင်နှစ်ဦးရယ်။
တစ်ယောက်က သူ၏အဖြူရောင်၀တ်စုံတို့တွင်နှင်းဆီအဖြူတို့အားရင်ဘတ်၍ထိုးညှပ်ထားလျက် ၊
တစ်ယောက်မှာတော့ လှပသောဂါ၀န်အဖြူတို့နှင့်အတူ သူမ၏လက်ထဲတွင်တော့ ပန်းစည်းတစ်ခုတို့ကနေရာယူထားလေသည်။ထိုလူနှစ်ယောက်ရဲ့ တစ်ခြားတစ်ဖက်တွင်တော့ ဖာသာတစ်ဦးရှိနေခဲ့ပြီး ၊ ကျမ်းစာအချို့တို့အားဖတ်ရွတ်နေသည်။
သူတို့နှစ်ယောက်ပြုံးနေကြတယ်။
တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ပြုံးနေခဲ့ကြတယ်။တစ်ယောက်လက်ကိုတစ်ယောက်ယူကာ လက်စွပ်တို့ကိုအပြန်အလှန်၀တ်ဆင်ပေးနေကြတယ်..။
ထပ်ပြုံးကြသည်။
ပြီးနောက် အနမ်းခြွေကြသည်..။
သိပ်ကိုလှပပါသည်။
ကြည်နူးစရာလည်း သိပ်ကိုကောင်းလှပါတယ်...
သူ မျက်ရည်တွေကျနေခဲ့တယ်။
ပါးပြင်ထက်ကစိုစွတ်မှုကိုခံစားမိနေတာတောင် သူဒီနေရာကနေ နည်းနည်းလေးမှမရွေ့ခဲ့ပါ။
သူချစ်ရတဲ့လူက တစ်ခြားတစ်ယောက်ရဲ့အပိုင်ဖြစ်သွားခဲ့တာကို သူဆက်ပြီးစောင့်ကြည့်နေတုန်းပဲ။
သူ သိပ်ကိုသွေးအေးလွန်းလှပါတယ်။
ထွက်လာတဲ့ violin သံစဥ်တွေဟာ တစ်ချိန်တုန်းကတော့ သိပ်ကိုနားထောင်ကောင်း ၊ နား၀င်ချိုလှပါတယ်လို့ သူပြောခဲ့ပေမယ့် ယခုတွင်တော့ သူ့အတွက်နားခါးလွန်းလှသည်။
violin တီးနေတဲ့သူကိုရော ၊ တစ်ဖက်တစ်ချပ်၌ရှိနေပြီး ကြည်နူးဖို့ကောင်းလောက်အောင်ကြည့်ပေးနေသောသူကိုရောပါ မတူညီတဲ့ချစ်ခြင်းတွေနဲ့ တစ်ချိန်က သူအရမ်းချစ်ပေးခဲ့မိပါတယ်။
YOU ARE READING
~ H E A T H E R ~ √ ʸᵉᵒⁿᵇⁱⁿ
Fanfictionအကို့ sweater ရဲ့ design ကို သဘောကျလို့မဟုတ်ဘဲ sweater ဆီကရတဲ့ အကို့ရဲ့ကိုယ်သင်းရနံ့ကို သဘောကျခဲ့တာပါ...။ ʏᴇᴏɴᴊᴜɴ × sᴏᴏʙɪɴ ʏᴇᴏɴʙɪɴ