အပိုင်း ၉

3.4K 84 5
                                    

မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည်

အပိုင်း ၉

"Hello အခရာ ပြော "

"ကို လာနေပြီလား "

"အင်း ကိုအခုမှအိမ်ကထွက်ရုံဘဲရှိသေးတယ် ခနစောင့်ပေးအုန်းနော်"

"ဟုတ် အဲ့ဆိုဖြည်းဖြည်းလာနော် ကားကိုဂရုစိုက်မောင်းအုန်း "

"အင်း ဒါဘဲနော် "

အခရာက သူ့သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမယ်ဆိုပြီး တည်တံ့ကို ချိန်းထားလေသည်။ မကြာခင်လက်ထပ်ရတော့မယ်ဆိုပြီး အသိုင်းဝန်တွေနဲ့ အကုန်မိတ်ဆက်ပေးဖို့ကြိုးစားနေလေသည်။ တည်တံ့ကို ရုန်းမရအောင်လုပ်မယ့်အကွက်တွေပေါ့။

အခရာနဲ့ချိန်းထားတဲ့Cafeနားရောက်စဥ် ဝင်လာတဲ့ဖုန်းတစ်ကောလ် နာမည်လဲမပါဘူးဘဲ

"Hello "

"ဟုတ်ကဲ့ ဒေါက်တာတည်တံ့အောင်လားရှင့်"

"ဟုတ်ပါတယ် ဘယ်သူလဲမသိဘူး"

"ကျမက မေဇူးသော်ရဲ့သူငယ်ချင်းပါ "

မေဇူးသူငယ်ချင်းက ငါ့ဆီဘာလို့ဖုန်းဆက်တာပါလိမ့်လို့ တည်တံတွေးလိုက်မိသည်။

"ဟုတ်ကဲ့ ဘာကိစ္စများရှိလို့လဲမသိဘူး"

"မေဇူးကအဖျားတွေတက်ပြီး နိုးလို့ကိုမရလို့ပါ ဆေးရုံပို့ဖို့ကျတော့လဲ ကျမတို့အဆင်မပြေလို့ ရင်းနှီးတဲ့ဆရာဝန်ဆိုလို့ ဒေါက်တာ့ကိုဘဲစဥ်းစားမိလိူ့ ဆက်လိုက်တာပါ မေဇူးကိုလာကြည့်ပေးပါလားရှင့် ကျမလိပ်စာMessageပို့လိုက်မယ် မြန်မြန်လေးလာခဲ့ပေးပါနော် မေဇူးကတော်တော်လေးဖျားနေလို့ပါ "

ခွာညိုတစ်ယောက် သူပြောချင်ရာပြောပြီး ဖုန်းချလိုက်လေသည်။

"မေဇူးဖျားနေတယ် ညကငါ့ကြောင့် စိတ်ထိခိုက်သွားတာရောပါမလား"

တည်တံ့တစ်ယောက် ချိတုံချတုံဖြစ်နေလေသည်။
အကယ်၍ သူCafeထဲဝင်ဖို့ရွေးရင် သူချစ်ရသူက တခုခုဖြစ်သွားနိုင်တယ်။ မေဇူးဆီသွားဖို့ရွေးရင် အခရာက သူ့ကိုပြသနာရှာမယ်။

"ငါ ဘယ်လိုလုပ်ရမလဲ "

%%%%%%%%

"ဘာပြောလဲ ခွာညို လာမယ်တဲ့လား"

မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည် (completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ