အပိုင်း - ၈၇ ( ကျွန်တော် နန်းတွင်းညီလာခံနဲ့ ယှဥ္ပြိုင်ချင်တယ်)( စာဂျပိုးလေးက အရမ်းဗိုလ်ကျတယ် )
အမှုစစ်ပြီးသည်နှင့် စာကြည့်ခန်းသို့ ပြန်မည်ဟု ရည်ရွယ်ထားသော်ငြား ထိုနှစ်ယောက်ကြား ယခုလိုပတ်သက်မှုမျိုးရှိမည်ဟု ဝမ်းလျိုနျဲန် မထင်ထားခဲ့။ ကျောက်ယွဲ့ကမူ ကျိုးဒင်ထျဲန်းနှင့်အတူ လျိုမင်ဖန်းအကြောင်း ပြောနေရာ မသိလိုက်ခင်မှာပင် မိုးချုပ်သွားပြီဖြစ်၏။
ညပိုင်းအနားယူနေချိန်မှာေတာ့ ဝမ်းလျိုနျဲန်က တင်ပလ္လင်ခွေထိုင်ကာ တွေဝေစွာ စိုက်ကြည့်လာသည်။
ကျောက်ယွဲ့မှ မေးလာ၏။
"ဘာတွေးနေတာလဲ"
ဝမ်းလျိုနျဲန်က သူ့အား ကြည့်လာသည်။
"ကျွန်တော့်မွေးစားအဖေနဲ့ ခင်ဗျားနဲ့ ဒီလောက်ထိ စကားကောင်းကြမယ်လို့ မထင်ထားဘူး "
ကျောက်ယွဲ့က လူကို ဖက်တွယ်ထားလိုက်သည်။
"မင်းကရော ဒီကြားထဲ ဘယ်သွားနေတာလဲ။ ပြန်လာဖို့ တစ်နာရီ (ရှီချန်တစ်ဝက်)တောင် ကြာသွားတယ်"
"သခင်ကြီးရှန့်ဆီ သွားခဲ့တာ။ ကျားခေါင်းဂိုဏ်းကို ညခင်းအလစ်ဝင်တိုက်ဖို့ ဆွေးနွေးလာတယ်"
ကျောက်ယွဲ့ - "...."
"ဒီနေ့ခင်းတုန်းက ကျွန်တော် တိုက်ပွဲ သတင်းရထားသေးတယ်၊ ဒီနောက်ဆုံးတိုက်ပွဲကို ကျွန်တော် နောက်ငါးရက်အတွင်း လက်စသတ်ချင်တာ။ ဒီလိုအချိန်မျိုးမှာ ကျားခေါင်းဂိုဏ်းရဲ့ အဓိကအင်အားစု ကျန်နေဦးမှာဆိုတော့ အလစ်ဝင်တိုက်တာ ပိုကောင်းမယ်။ ပြင်ဆင်စရာရှိတာ အဆင်သင့်ပြင်ထားဖို့ ၊ မနက်ဖြန်ကျ ရှောင်ဝူနဲ့ ဒုခေါင်းဆောင်လုဆီ အသိပေးဖု့ိ လူလွှတ်လိုက်မယ်။ အတွင်းအပြင်နှစ်ဘက်လုံး လက်တွဲညီရင် အမှားအယွင်းမရှိနိုင်ဘူး"
"ဒါက ကလေးကစားစရာ မဟုတ်ဘူးလေ"
"သိပ်မရှုပ်ပါဘူး၊ ပြီးတော့ ဒါက အကောင်းဆုံးအခွင့်အရေးပဲ"
လက်ဦးမှုရယူတဲ့ ထိုးနှက်ချက်ကပဲ လျို့ဝှက်ချက်ကို ထာဝရလျို့ဝှက်ချက် ဆက်ဖြစ်စေနိုင်မှာ။
YOU ARE READING
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romanceတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...