For Unicode
အိပ်ယာနိုးစ အမူးသမားလေးအား ဂျောင်ကု ပေးမထဘဲ ရင်ခွင်ထဲသိမ်းဖက်ထားလိုက်သည်။အိပ်ချင်မပြေသေးလို့ထင်ပါရဲ့ ငြိမ်ငြိမ်လေးရှိနေပုံက အသည်းယားစရာ။ချစ်တဲ့စိတ်နဲ့ကြည့်တော့ သန်းဝေတာလေးကအစ သဘောကျချင်စရာဖြစ်နေသည်ထင်။
"ပြန်အိပ်မသွားနဲ့ Amber...ဒီနေ့တနင်္လာနေ့ပြန်ရောက်လာပြီ။အကယ်၍ အိမ်မှာပဲနားနေချင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့"
"ထမှာပါဆို..."
အကြာကြီးအိပ်ထားတဲ့အကျိုးအရ မျက်နှာလေးကအစ်နေပြီး အသံကပုံမှန်ထက် ပိုဩနေသည်။
ဂျောင်ကုကလှဲနေရာမှထကာ ထယ်ယောင်းကိုပါ ဆွဲထူလိုက်တော့ အလိုက်သင့်လေး ပါလာ၏။
မျက်လုံးတွေကို တရဆက်ပွတ်နေတာကြောင့် သွယ်လျတဲ့ လက်ကလေးနှစ်ဖက်အား ဆုပ်ကိုင်လိုက်သည်။"Amber ကိုယ့်ကိုကြည့်..."
မေးဖျားလေးကပင့်ကာ အကြည့်ချင်းစုံအောင်ပြုလိုက်တော့ မျက်လုံးလေးစင်းရင်း မော့ကြည့်သည်။
"ကိုယ့်ကိုချစ်ဖို့ကြိုးစားပေးလို့ ကျေးဇူးပါ ကိုယ့်Amber...မင်းအချစ်ကိုရမယ့်နေ့ထိ ကိုယ်စိတ်ရှည်ရှည်နဲ့စောင့်နေမယ်နော်"
ထယ်ယောင်းရဲ့နှာဖျားလေးအားလေးအား ထိကပ်နမ်းရှိုက်ကာ ဂျောင်ကုအိပ်ယာမှထသွားသည်အထိ ထယ်ယောင်းဟာ အံ့ဩလို့မဆုံးသေး။
မနေ့ညကဖြစ်စဉ်တွေကို ရုပ်ရှင်တစ်ကားလို တစ်စိတ်တစ်ပိုင်းချင်း မြင်ယောင်လာတော့ ကိုယ့်ခေါင်းကိုယ်သာ တရားခံရှာရင်း ရိုက်နှက်နေမိသည်။
"အား...သေတော့မှာပဲ။အရှက်မရှိလိုက်တာ ကင်မ်ထယ်ယောင်း...သူ့ကို ဘယ်လိုများ ဒီစကားတွေသွားပြောလိုက်တာလဲ"
အိပ်ယာထက်လူးလိှမ့်ကာ အသံတိတ်အော်ဟစ်နေမိသည်။
ဆိုးဆိုးဆတ်ဆတ်နဲ့ သွားနမ်းလိုက်မိတာကိုပါသတိရတော့ မျက်နှာတောင်မဖော်ချင်။
ချောက်...
ဂျောင်ကုရေချိုးခန်းထဲကထွက်လာတော့ ကုတင်ပေါ် မှောက်ယက်ကြီးအိပ်နေပြီး ခြေကားယားလက်ကားယားဖြစ်နေသည့် သူ့ပယင်းငယ်အား မြင်လိုက်ရသည်။နှစ်ယောက်အိပ် သိုးမွှေးစောင်ဟာလည်း ကုတင်အောက်မှာ အပုံလိုက်။
CZYTASZ
𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧 (Completed)
Fanfictionသံသရာဆိုတာရှိခဲ့ရင် ဆုံတွေ့ရမယ့် ဘဝအဆက်ဆက်မှာ မင်းကြင်ဖော် ကိုယ်သာဖြစ်ပါရစေ။ TaeKook Started date - 1.12.2022 Ended date - 15.4.2023