Part 16

344 17 0
                                    

Zawgyi code

နေ့စဉ်နေတိုင်းရောက်ဖြစ်တဲ့ကျွန်တော့်ရဲ့ကော်ဖီဆိုင်လေးကသာစိတ်ဖြေရာတစ်ခုလိုဘဲ အခုဆိုရင်အိမ်မှာတောင်သိပ်မနေဖြစ်ပေ…။ မနက်မိုးလင်းတာနဲ့ ဆိုင်ကိုဘဲသွားဖြစ်တယ်။

"ကိုအေး…အဆင်ပြေရဲ့လား"

"အင်း…ပြေပါတယ် ခေါင်းနည်းနည်းမူးနေလို့ သိတဲ့အတိုင်းလေ မွေးနေ့နီးပြီဆိုတော့ ရောဂါထူလာပြီ"

"ဆေးခန်းပြသင့်တယ်ထင်တယ် ကိုအေး ညလဲကောင်းကောင်းမအိပ်ဘူး ကြာရင် ဒုက္ခများမယ်"

"မင်းဆိုလိုတာက ငါရူးနေပြီလို့ပြောချင်တာလား"

"ရူးနေတာမဟုတ်ပေမဲ့ စိတ်အရမ်း ပင်ပန်းတဲ့အခါ ဖွင့်ဟလို့မရရင် ပေါက်ကွဲသွားတတ်တဲ့နေရာက ရူးသွပ်ခြင်းလေ ဒါကြောင့်"

ဪ…ကိုယ်ဟာဘေးလူအမြင်မှာတောင်ဒီလောက်ထိအားနည်းချက်ရှိမှန်းမသိရှိလာခဲ့ပြီ…။

"အသိဆရာဝန် ဒေါက်တာကျော်ဦးရှိတယ် ပြကြည့်မလားကိုအေး"

"အင်း…ကောင်းသားဘဲ…"

"ဒါဖြင့်ရင် ကျွန်တော်ဖုန်းဆက်ချိန်းလိုက်ပါ့မယ်"

"ကျေးဇူးတင်ပါတယ်"

ထွန်းညိုနဲ့ပြောစရာရှိတာပြောပြီးတော့ဆိုင်အပေါ်ထပ်ကကျွန်တော့်အခန်းလေးဆီလာခဲ့တယ်။ ဝိုင်ပုလင်းခွံတွေဟာစီစီရီရီနှင့် စင်လေးပေါ်မှာ သပ်သပ်ရပ်ရပ်တင်ထားတာမြင်ရတော့ပြုံးမိတယ်။

ထွန်းညိုကကျွန်တော်သောက်သမျှအချိုရည်ဗူးခွံတွေကိုအရင်ကလဲ ဒီလိုဘဲ စင်လေးပေါ်တင်ပေးထားခဲ့တာ။ ဘာလုပ်ဖို့လဲလို့မေးရင် "ကျန်းမာရေးကို ဘယ်လောက်ထိခိုက်နေလဲ ပြန်ကြည့်မိအောင်"တဲ့လေ။

*ငါ့ကျန်းမာရေးရော ငါ့နှလုံးသားရဲ့ကျန်းမာရေးရော ထိခိုက်လှပြီ ထွန်းညိုရယ်*

ခန္ဓာရဲ့ကျန်းမာရေးအားအရက်ကထိခိုက်စေသော်လည်းနှလုံးသားကျန်းမာရေးကိုထိခိုက်စေတာကတော့ အစ်ကိုဆိုတဲ့ လူသားသာဖြစ်လေပြီ။

နှစ်နာရီခန့်ထိုင်ကာအတွေးနယ်ချဲ့ပြီးလေတော့တံခါးခေါက်သံကြားရတာမို့ တံခါးသွားဖွင့်လိုက်တယ်။

ခိုနားရာ (အပိုဆု) CompletedDonde viven las historias. Descúbrelo ahora