အပိုင်း - ၅၈

3.1K 189 8
                                    


ပဲခူးမြို့တွင်းမှ အောက်တိုက်ခံ နှစ်ဆောင်ပြိုင်အိမ်ကြီး၏ ထမင်းစားခန်းတွင်ဖြစ်သည်။

မီးဖိုချောင်ထဲမှ လူ သုံး လေးဦးမှာ မနက်ကတည်းက လက်မလည်နိုင်အောင်ချက်နေရကာ တစ်မနက်စာလုံးလည်း နားချိန်မရှိသေး...

ဆောင်းတွင်းကြီးဖြစ်သော်လည်း တစ်မနက် မီးဖိုနားကပ်နေရကာ အလုပ်နှင့်လက် မပြတ်ရသည်မို့ သူတို့နဖူးစ၌ပင် ချွေးစတို့က စိမ့်ထွက်နေလေပြီ။

လှီးသံ၊ ချွတ်သံ၊ ထုသံ၊ ထောင်းသံ၊ ကြော်သံလှော်သံတို့ဖြင့် မီးဖိုချောင်တစ်ခုလုံးလည်း တိတ်ဆိတ်ရသည်မရှိဘဲ ဆူညံနေလျှက်...

အထူးသဖြင့် အမျိုးသမီးတစ်ဦးတည်း၏ ညွှန်ကြားသံက မီးဖိုချောင်တစ်ခုလုံးကို လွှမ်းမိုးနေခြင်းပင်...

" ဒေါ်သိန်းရေ ပုစွန်က ဆီပြန်နေရင်ချလိုက်ပြီး ကြက်သားချိုချဉ်ကြော်ဖို့အတွက် ပြင်ဆင်လိုက်ရအောင် "

" ဟုတ်ပြီ ဟုတ်ပြီ ပုံပုံရေ "

" သက်ထားက ချင်း(ဂျင်း)ထောင်းပြီးသား ရပြီဆိုရင်ငါးဖယ်ဆက်ကြော်ထားမယ်နော် "

" ဟုတ်ကဲ့ပါ မပုံ "

" ဖြူသွယ်ကရော ဟင်းချိုအတွက် ပါဝင်ပစ္စည်းတွေ လှီးချွတ်ပြီးရင် ဟင်းချိုအိုးလေးပြင်လိုက်တော့လေ ငရုတ်သီးကြက်သွန် ကြိတ်ဖက်ရော ပိုသေးသလား မပိုတော့ရင် နည်းနည်းလောက် ထပ်ကြိတ်လိုက်ပါဦး "

" ဟုတ် ဟုတ်ကဲ့ တီပုံ ရေနွေးအိုး တည်လိုက်ပါပြီ ငရုတ်သီးကြက်သွန်ကြိတ်ဖက်က ပိုသေးတယ်ရှင့်"

" ဟုတ်ပြီ ဟုတ်ပြီ ဒါဆိုရပြီ ဟင်းချိုအိုးကိုသာ တည်လိုက်တော့ "

စသည်စသည်ဖြင့် ယနေ့ဟင်းလျာများအတွက် မီးဖိုချောင်ထဲ၌ အစစအရာရာ ညွှန်ကြားနေသည့် ဒေါ်သက်လုံးပုံကိုယ်တိုင်ကလည်း အားနေရသည်တော့ မဟုတ်ပါလေ...

သားဖြစ်သူသဘောကျလောက်သည့် အချဉ်ရည်ကို ကိုယ်တိုင်စပ်ဟပ်နေရင်း ပါးစပ်မှ မမောနိုင်မပန်းနိုင် စီစဉ်ညွှန်ကြားနေခြင်းသာ...

" ကဲပါ ပုံပုံရယ် ဟင်းတွေက ကျက်နေပါပြီ ဒေါ်သိန်းတို့ ကြည့်လုပ်ထားလိုက်ပါ့မယ် မကြာခင် သားလေးပြန်ရောက်လာရင် အဆင်သင့်ဖြစ်အောင်သာ ရေသွားချိုးလိုက်တော့ "

Cupid's Compass (Completed )Donde viven las historias. Descúbrelo ahora