a knotty problem

555 61 1
                                    

( ဒါလေးကဖတ်ရတာ ရှုပ်သွားမလား ကိုယ်မသိ။ ရှုပ်သွားရင်တော့ တောင်းပန်ပါတယ်။ )

All black ဝတ်ထားသော ခပ်ဆိုးဆိုးပုံစံကောင်လေးတစ်ယောက်သည် ဈေးအမြင့်ဆုံးဆိုတဲ့ ဆိုင်ကယ်ပေါ်တက်ကာ လီဗာကိုတစ်ဆုံးဆွဲပြီး ကားလမ်းမတစ်လျှောက်မောင်းနှင်လာခဲ့သည်။ စိတ်လွတ်ကိုယ်လွတ် ဆိုင်ကယ်စီးနေသော ကောင်လေးမသိသည်က သူ့နောက်မှာ ပါလာသော ကားလေးစီးကိုပင်။ လမ်းချိူးကွေ့တစ်ခုရောက်သောအခါ ဆိုင်ကယ်လေးကို တရှိန်ထိုးကွေ့ချလိုက်သည်။ သူ့နောက်မှကားများသည်လည်း ထိုနည်းတူပင်။ သိပ်မကြာပါ ကြီးမားသော ပေါက်ကွဲသံကြီးနဲ့အတူ မီးတောက်ကြီးကလည်း တဟုန်ထိုးတက်လာသည်။ ကားလေးစီးအနက် တစ်စီးသည် လောင်ကျွမ်းသွားပြီး အထဲရှိလူများမှာလည်း ချက်ချင်းပင် ဘဝကူးပြောင်းသွားသည်။ ‌ကျန်နဲ့ ကားသုံးစီးမှလူများသည် ပေါက်ကွဲမှုကို ဆယ်မိနစ်ခန့်အခန့်သားထိုင်ကြည့်ပြီးမှ ဆိုင်ကယ်နားကိုသွားကာ ထိုကောင်လေးကို ကားပေါ်ခေါ်တင်ခဲ့လိုက်သည်။

" သူသေသွားပြီလို့ မင်းထင်လား "

" အိမ်ပြာတော်ရဲ့ နောက်ခံဂိုဏ်းခေါင်းဆောင်က ဒီလောက်ပျော့မယ်လို့မထင်ဘူး "

ကားသုံးစီး ဦးတည်ရာသည် တောအုပ်အနောက်ဘက်က လူမနေသော စံအိမ်ကိုဖြစ်သည်။ကားပေါ်တင်ခေါ်လာသော ကောင်လေးကို ကြိုးတုပ်ကာ အိမ်ကြီးရဲ့အောက်ထပ်အခန်းထောင့်မှာ ထားထားလိုက်ပြီး သူတို့ပြန်ထွက်သွားခဲ့သည်။ ကားသုံးစီးထွက်သွားပြီး ခနအကြာမှာ ကားတိုက်မှုကြောင့်ပေါက်ကွဲသော ပေါက်ကွဲမှုထက် နှစ်ဆလောက်ပြင်းသော ပေါက်ကွဲမှုကြီးဖြစ်သွားခဲ့သည်။ ပေါက်ကွဲမှုက အတော်လေးကြီးပေမယ့်လည်း ဘာသတင်းမှထွက်မည်မဟုတ်သည့်အပြင် လူပြတ်တဲ့နေရာမှာ ဖြစ်သွားခြင်းဖြစ်သည်။

" mission complete "

အိမ်ပြာတော်ရဲ့ နောက်ခံဂိုဏ်းခေါင်းဆောင် တစ်နည်းအားဖြင့် ကိုရီးယားတစ်နိုင်ငံလုံးကို နောက်ကွယ်က အုပ်ချုပ်တဲ့အကြီးမားဆုံးသော ဂိုဏ်းခေါင်းဆောင် JAT (ဂျက် ) ကို လုပ်ကြံရန်ဖြစ်သည်။ ဘဏ်အကောင့်ထဲကို ဝင်လာသော amount ကြောင့် ကားထဲမှလူများ၏ ဟက်ဟက်ပက်ပက်ရယ်မောသံများသည် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။

Safe area [Short Stories-]Where stories live. Discover now