အပိုင်း နှစ်

3.4K 769 151
                                    

အပိုင်း နှစ်

Unicode Version

"ကျေးဇူးတင်ပါတယ်"

ပန်းဆိုင်က ဦးလေးကြီးပေးလာတဲ့ ပိုက်ဆံအနည်းငယ်ကို ယူကာ အိတ်ထောင်ထဲ တန်းထည့်လိုက်သည်။

"သန်ဘက်ခါလည်း လာပို့ရဦးမလား ဦးလေး"

"အေး လာပို့ပေးပါဦး ငါ့တူ"

"ဟုတ်ကဲ့"

ဂျီမင်းက နှစ်ရက်ခြားတစ်ခါဆိုသလို ကင်မ်အိမ်တော်ရဲ့ ပန်းခင်းတွေထဲက ပန်းတချို့ကိုယူကာ လူစည်တဲ့ဈေးလေးထဲ လာရောင်းတတ်သည်။ ဒါက သူ့ရဲ့အပိုဝင်ငွေရှာခြင်းတစ်မျိုးပဲ။ သူတင်မဟုတ်ဘူး၊ ကျန်တဲ့ အလုပ်တန်းလျားက သူတွေလည်း ဒီလိုပဲလုပ်တတ်ကြတယ်။

လက်ထဲက ပိုနေသေးတဲ့ ပန်းအချို့ကို တခြားဆိုင်မှာ သွင်းဖို့ဆုံးဖြတ်ကာ တစ်ဖက်ကို လမ်းကူးခဲ့လိုက်သည်။

ဒီနယ်မှာတော့ ကားစီးနိုင်သူက ခပ်ရှားရှားဆိုပေမဲ့ မိုင်ရာမီမှာတော့ ကားတွေဆိုတာများလွန်းလို့ အသက်ရှူတောင်မဝဘူးလို့ ရောက်ဖူးတဲ့သူတွေက ကြွယ်ပြတာ ကြားဖူးတယ်။ ဘယ်လိုဆိုဆို မိုင်ရာမီလို တိုးတက်နေတဲ့မြို့ကြီးအတွက်တော့ ဒါက ဖြစ်နိုင်တာပဲမလား။

ဂျီမင်းရဲ့ ခေါင်းထဲက ရှိရှိသမျှ အတွေးတွေအကုန်လုံး စာအုပ်ဆိုင်ရှေ့မှာ ရပ်ထားတဲ့ စက်ဘီးညိုလေးကိုမြင်တော့ ရပ်တန့်သွားရသည်။ ဒီနေ့ ဆိုင်မှာ ကင်မ်ရှိနေတာလား။

ချက်ချင်းဆိုသလို ဂျီမင်းရဲ့ ဦးတည်ရာက ပြောင်းသွားကာ စာအုပ်ဆိုင်လေးရှေ့ ရောက်သွားရသည်။ မှန်ပြင်ပေါ်မှာ ရေးထားတဲ့ စာအုပ်ဆိုင်နာမည်က ပန်နာဆီရာ (Panacea)။

မှန်ပေါ်ကပ်ထားတဲ့ ခပ်ကြီးကြီးစာလုံးတွေကြားက အထဲကိုလှမ်းကြည့်လိုက်တော့ စာအုပ်စင်တန်းတစ်ခုရဲ့ ထောင့်နားမှာ ရပ်ကာ စာဖတ်နေတဲ့ ကင်မ်ကို တွေ့လိုက်ရသည်။ ဝတ်စုံပြည့်နဲ့ကင်မ်က ဘယ်အချိန်ဖြစ်ဖြစ် ကြည့်ကောင်းနေဆဲ။

မိုင်ရာမီချစ်ပုံပြင်Onde histórias criam vida. Descubra agora