To My First

639 101 15
                                    

Unicode

"ဟျောင်း စိတ်ကို"

နီခီကိုဘာဆက်ပြောမည်ကိုသိသဖြင့် ဂျောင်ဝန်းလက်ကာပြလိုက်သည်။

"ဟျောင်း စိတ်ကိုအေးအေးထားပြီးဖြေနော် မေးခွန်းကိုသေချာဖတ် အဖြေတွေကိုလည်း သေချာပြန်စစ် မသျှန်းနဲ့ မရတဲ့ဟာဆို ချန်ထားခဲ့ ပြီးမှ အေးအေးဆေးဆေး စဉ်းစားပြီးဖြေ မဖြေခင် ဘုရားရှိခိုးဖို့လည်း မမေ့နဲ့"

"ဟဲဟဲ စီနီယာကလည်း စေတနာနဲ့သတိပေးတာကို"

"မင်းစေတနာက ပထမရက်ကတည်းက ပြောနေတာ နောက်ဆုံးရက်တောင် ရောက်နေပြီ ဒီလောက်လေး‌တွေကတော့ ငါလည်းသိပါတယ် မင်းတစ်ယောက်တည်း စာမေးပွဲဖြေဖူးတာလား"

လုပ်ပုံက ဘယ်သူကအကြီး ဘယ်သူကအငယ်မှန်းတောင် မသဲကွဲ။ ဂျောင်ဝန်းကိုအက်လိုတွေ တတွတ်တွတ်မှာပြီး သူကျ ဖြေလာရင် စောက်တလွဲ။

"‌ဒီနေ့တူတူပြန်ရအောင် စောင့်နေမယ်"

အက်လိုပြောပြောပြီး အရင်နေ့တွေက သူငယ်ချင်းတွေနဲ့ ထွက်ထွက်သွားတာလည်းသူပဲ။ ဒါပေမယ့် ဒီနေ့ တကယ်စောင့်နေရှာသည်။

ဂျောင်ဝန်းတို့ထက် စောပြီးသော နီခီက အခန်းရှေ့ ကော်ရစ်တာမှာ တိုင်ကိုမှီလျက် သူ့ကိုစောင့်နေသည်။ နီခီ့ကိုမြင်ပြီး အခန်းထဲက ကောင်မလေးတချို့ လှုပ်စိလှုပ်စိဖြစ်လာကြသဖြင့် အခန်းစောင့်ဆရာမက ချောင်းဟန့်သံပေးရသည်အထိ။

ဒီကောင် လူကြည့်တော့သာ ဘာမှမဟုတ်တာ စော်ကြည်ချက်က တစ်ဖက်ကမ်းလွန်ရော။

"ဟာ ဟေ့ရောင်"

ဖြေပြီးပြီးခြင်း အခန်းထဲကထွက်လာတော့ သူ့ကျောပိုးအိတ်ကို ဆွဲယူသွားသည်။

"သယ်ခဲ့ပေးမယ် ဟျောင်း သန်ဘက်ခါလိုက်မှာလား"

"အင်း လိုက်မှာပေါ့"

နွေရာသီကျောင်းပိတ်ရက်မှာ နီခီတို့မိသားစုက ဂျပန်ကိုပြန်မည်ဖြစ်သည်။ ဂျောင်ဝန်းမေမေကလည်း မျက်စိနောက်သက်သာတယ်ဆိုပြီး လိုက်ချင်သည့်အကြောင်းပြောတဲ့အခါ ချက်ချင်းခေါင်းညိမ့်ကာ အဝတ်အစားတွေပါ ပြင်ပေးထားသည်။

Just Play The Game Not My HeartWhere stories live. Discover now