Part-22

5.1K 190 14
                                    

Unicode

Jungkookပြန်ရောက်တော့ အလောသုံးဆယ် Taehyungကိုအော်ခေါ်တော့သည်။

"Taeရေ....Tae....Taeရေ"

Taehyungလည်း Jungkookအသံကြားတော့ကိုယ်လက်သန့်စင်နေရာကနေ ထွက်လာလိုက်သည်။

"ဘာလို့အဲ့လောက်တောင် အော်ခေါ်နေရတာလည်း"

"Tae...Tae ဗိုက်ထဲက သားလေးဆိုဟုတ်လား"

"ဟုတ်တယ် အဲ့ဒါဘာများထူးဆန်းသွားလို့လည်း"

"အဲ့လိုမပြောပါနဲ့ Taeရယ် သားလေးဆိုတော့ကိုယ် ဝမ်းသာ လ​ွန်းလို့ပါ"

"အော်... ခင်ဗျားက သားလေးမို့ ဝမ်းသာတယ်ဆိုတော့ သမီးလေးဆို ဝမ်းမသာဘူးပေါ့"

"အဲ့လိုလည်း မဟုတ်ပါဘူး Taeရယ် သမီးလေးဆိုလည်း ဝမ်းသာမှာပါ ဒါပင်မဲ့ သမီးလေးဆို ကိုယ် သဝန်တိုရမှာလေ သားလေး ဆိုတော့ ကိုယ်ပူစရာမလိုတော့ဘူးလေ"

"ခင်ဗျားကတော်တော် တရားကျဖို့ကောင်းတယ်နော် "

"ဒါကတော့ ကိုယ့်သွေးသားလေ Taeရယ်"

"ခင်ဗျား ပဲအရင်က ဒီကလေးကိုမလိုချင်တာလေ မေ့သွားပြီလား "

"Taeရယ် ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီဟာကို
ပြောမနေပါနဲ့တော့Taeရယ် ရှေ့ရှောက် Taeကို ကိုယ် ပိုပြီး ဂရုစိုက်ပေးပါ့မယ်"

"ဘယ်လို ဂရုစိုက်မှာလည်း ခင်ဗျား ရည်းစားနဲ့သွားတွေ့ပြီးတော့လား"

"Taeရယ် ကိုယ့်ကိုမရွဲ့ပါနဲ့ ကိုယ်တောင်းပန်ပါတယ်... ကိုယ် Yuliကို ဖြတ်မယ်ပြောထားတယ်လေ"

"ခင်ဗျား ဖြတ်သေးလို့လား မဖြတ်ရသေးပဲနဲ့ ကျွန်တော့်ကို လာမပြောနဲ့"

"ကိုယ် တကယ်ဖြတ်မှာပါ Taeရယ် စောင့်ကြည့်ပေးပါ ရှေ့ရှောက် ကိုယ့်သားနဲ့Taeအတွက်ပဲဖြစ်စေရမယ်"

Taehyungကတော့ Jungkookစကားကိုမကြားချင်ယောင်ဆောင်ကာ လှည့်ထွက်သွားတော့သည်။

>>>>>>>>>

Jungkookတစ်ယောက်
Taehyung Ultrasoundအဖြေကိုသိပြီးထဲက ခြေငြိမ်နေသည်။ Taehyungကိုလည်း အရင်ကထက်ပိုပြီး အလိုလိုက်ပြီး ဂရုစိုက်ပေးနေမိသည်။

Sex PartnerWhere stories live. Discover now