အပိုင်း၂၈(Unicode)

177 5 3
                                    

"ကိုကို"

နွယ်ကို မြင်လိုက်ရုံနဲ့စိတ်ရှုပ်သွားတဲ့ ကိုကိုပုံစံကြောင့် နွယ် ရင်နာရပါသည်။

"အင်း"

"ပြောတော့ မင်းတို့ချည်းပဲဆို "

ကိုကို့ကို သူမခေါ်လိုက်တော့လည်း အင်း တစ်လုံးတည်းသာဖြေပြီး အကိုခေတ်နဲ့အကိုဗညားကို သူ့မ ပါလာတာကြောင့် မလိုလားသလို ပြောနေတဲ့ ကိုကို။

"အကိုခေတ်တို့ခေါ်လာတာ မဟုတ်ပါဘူး နွယ်က ကိုကို တွေ့ချင်လို့ပါ"

"မင်းက ဘာကိစ္စ ငါ့နဲ့တွေ့ချင်ရတာလဲ"

"ပြောစရာရှိလို့ပါ ကိုကို"

"မင်းဘာပြောချင်တာလဲ တခြားအကြောင်းအရာဆိုရင် မင်းရဲ့အကို ခေတ်ဆီက သိပြီးလောက်ပြီထင်တယ်"

သူ့မကို ဒီလိုပွင့်လင်းစွာပြောလာလိမ့်မည်လို့ ထင်မထားတာ ပိုမှန်လိမ့်မည်။အကိုခေတ်တစ်ယောက် ကိုကို အကိုလွမ်းဟိန်းထက်မှူးကို ခိုးပြေးသွားပြီပြောတုန်းက နွယ် တစ်ယောက်က မယုံခဲ့ပေ။မယုံခဲ့တာဆိုတာထပ် မဖြစ်ပါစေနဲ့ဆိုတဲ့ မသေချာမရေရာသောမျှော်လင့်ချက်လေးဖြင့် မျှော်လင့်နေတာဆို ပိုမှန်လိမ့်မည်။

"နွယ်တို့၂ယောက်တည်း အေးဆေးပြောလို့ရမလား ကိုကို"

"ok ပြောတာပေါ့"

အမှန်ဆို နွယ်ဒါလင်းပိုးနဲ့မပြတ်မသားဖြစ်နေတဲ့ကိစ္စကို နက် တစ်ခါတည်းအပြတ်ရှင်းချင်လို့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ရခြင်းဖြစ်သည်။

"ဒါဆိုရင် မင်းတို့၂ယောက် အေးဆေးပြောကြ ငါ့နဲ့ဗညား ခနသွားကလိုက်အုံးမယ်"

ပြောကာ အလိုက်တသိထွက်သွားပေးတဲ့ ခေတ်နဲ့ဗညား။

"ကိုကို နွယ်.."

"ခန မင်းနဲ့ငါ့က ရည်းစားတွေမဟုတ်တာမလို့ နာမည်အခေါ်အဝေါ်ပြောင်းသင့်တယ်ထင်တယ်"

နွယ် စကားတောင် စ မပြောရသေးခင် ကိုကို တားမြစ်လာသည့် အခေါ်အဝေါ်ကြောင့်နဲ့လား။

"Sorry ကိုကို...အာ အကိုခွန်းလို့ ခေါ်မယ်ရလား"

"As you like ,you can call me but you never call me Ko Ko"

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Onde histórias criam vida. Descubra agora