အင်ဂရစ်(ဒ်)ဟာ
မေ ဖျော်ယူလာပေးတဲ့ မက်မွန်ဒိန်ချဉ္ရှိတ်(ခ်)
တစ်ခွက်ကို အရသာခံသောက်နေရင်း
မေ့ရဲ့အိုရီဂါမီ စက္ကူလိပ်ပြာရုပ်လေးတွေကို
အာရုံဝင်စားလျှက် စိုက်ကြည့်နေတယ်။မေနဲ ့အင်ဂရစ်(ဒ်)တို့က pen-palတွေအဖြစ်
ရင်းနီးသိကျွမ်းနေခဲ့တာ (၉)နှစ်တိုင်တိုင်ကြာခဲ့ပြီပေမယ့် အခုမှသာ ပထမဆုံးအကြိမ်
အပြင်မှာ ဆုံတွေ့ကြရခြင်းဖြစ်တယ်။မေ့ အခန်းထောင့်နံရံမှာ အင်ဂရစ်(ဒ်)က
ဒူးထောင်ပြီး ငုတ်တုတ်ထိုင်နေတဲ့
သူမရဲ့ ခြေထောက်ဖြူဖြူတွေအကြား
သောက်လက်စ ခွက်ကို လက်နှစ်ဖက်နဲ ့ကိုင်ရင်းတဖြေးဖြေးနိမ့်ဆင်းလာရာကနေ
ကြမ်းပြင်ပေါ် အသာ ချထားလိုက်ပြီး"မေ ကိုယ့်ကို မေ့အခန်းထဲ လက်ဆွဲခေါ်လာတော့ ကိုယ် မေ့ အနောက်ကနေ ဆံပင်တွေအနားကပ်ပြီး အနံ ့ခံကြည့်လိုက်သေးတယ် ... မေ က
ကိုယ်စိတ်ကူးထားတဲ့ မေ့ရဲ့အနံ ့အတိုင်းပဲ"
လို့ ပြောလိုက်တယ်။မေက
တစ်ချက် ခေါင်းငုံ့ကာ ရယ်မောလိုက်ပြီးမှ
ဘာပြန်ပြောရမှန်းမသိ ဖြစ်ပြီး ပြုံးပြီး တိတ်ဆိတ်နေလိုက်ပြီး နောက်-မိမိတို့ လက်ရှိအားလပ်ချိန်တွေအကြောင်း၊ careerမျှော်လင့်ချက်တွေအကြောင်း၊ သည်လို မရေရာမှုများအကြောင်းကို ဦးဆောင်ကာ ပြောဆိုနေမိတယ်။အဲဒီကမှ တစ်ဆင့်
မိမိတို့ဝါသနာတွေအကြောင်း ပြောစရာ
ပြောင်းရွှေ့ရောက်ရှိလာတဲ့အခါမှာတော့
မည်းနက်ချွန်မြိနေတဲ့ အင်ဂရစ်(ဒ်)ရဲ့
သူငယ်အိမ်စူးစူးရှရှတွေဟာ မေ့လျော့နေတဲ့ အရေးတကြီး လိုအပ်ချက်တွေကို
သွားရောက်တို့ထိမိသလို စိတ်လှုပ်ရှားမှုနဲ ့အတူ အသက်ဝင် အရောင်လဲ့ ပိုမိုကျယ်ဝန်းသွားခဲ့ပြီး"ကိုယ်ကတော့ မေ ဝေဖန်လောက်တဲ့ ဝါသနာတစ်ခုကို လက်တွေ့လုပ်ဖြစ်နေတယ်"
"ကိုယ် ကိုယ့်အစ်ကိုရဲ့အကူအညီနဲ ့
ကိုယ်တို့ မြို့သေးသေးလေးထဲက
ထူးဆန်းဖြစ်ရပ်တွေအကြောင်း မှတ်တမ်းfilmတွေ သွားရိုက်ထားဖြစ်တယ် ... ဒေသအလိုက် basicဖြစ်နေတဲ့ ခြောက်လှန် ့မှုတွေ၊ ပုံမှန်မဟုတ်တဲ့ လူသေမှုအဟောင်းတွေနဲ ့ အခြား ပြောပြဖို့မလွယ် ဖြေရှင်းရခက်တဲ့ သဘာဝလွန်ပုံပြင်ဇာတ်လမ်းတွေ၊ စသည် စသည်ပေါ့ကွာ" လို့ပြောလိုက်အပြီးမှာ
အင်ဂရစ်(ဒ်)က ကြမ်းပြင်ပေါ် ချထားတဲ့
မက်မွန်ဒိန်ချဉ္ရှိတ်(ခ်)ခွက်ကို
သူမရဲ့လက်နှစ်ဖက်နဲ ့ပြန် မ ယူလိုက်ပြီး
ကျန်နေသေးတာတွေကို ဆက်သောက်နေတယ်။
ESTÁS LEYENDO
Ingrid Sleeps Over at May
Misterio / Suspensoပုံပြင်ထဲက ပုံပြင်တွေရဲ့ပုံပြင်တွေနဲ ့ ပုံပြင်တွေပြောပြတဲ့ ပုံပြင်တွေထဲက ပုံပြင်တွေ