𝐃𝐨 𝐲𝐨𝐮 𝐭𝐡𝐢𝐧𝐤 𝐈'𝐯𝐞 𝐟𝐨𝐫𝐠𝐨𝐭𝐭𝐞𝐧
𝐀𝐛𝐨𝐮𝐭 𝐘𝐨𝐮?Recommended song - About You by The 1975
............
" ဟတ်ချိုး! "
" အပြင်မှာလေတွေတိုက်ကတိုက်နဲ့ ဖျားနေဦးမယ် ကိုကိုရယ် အိမ်ထဲပြန်ဝင်ရအောင်.. နော် "
ကိုယ်ပေါ်ကို စောင်အပါးလေးတစ်ထည် လွှမ်းခြုံလာပေးကာ စိုးရိမ်မှူများအပြည့်နဲ့ သနားကရုဏာသက်စွာ လာဆူနေတဲ့ ချစ်ရသူ။
" ခဏလေး ၅မိနစ်လောက်ပဲ... "
ချစ်ရသူဘက်ကို သေချာလှည့်ကြည့်ပြီး မဖြေနိုင်လောက်အောင် သူ ဒီပန်းချီကားထဲကို အတော် အာရုံနစ်ဝင်နေတယ်။
ပြာလဲလဲ့ ကောင်းကင်ကြီးပေါ်မှာ တိမ်ဖြူဖြူလေးတွေ လှစ်ခနဲ လှက်ခနဲ ပြေးလွှားနေတယ်။ မြေပြင်ပေါ်မှာတော့ မြက်ခင်းလေးတွေ စိမ်းဆိုလို့။ အလေ့ကျပေါက်တဲ့ တောရိုင်းပန်းလေးတွေတချို့က ခြံထဲက သစ်ပင်ကြီးတွေပေါ် နွယ်တက်ချင်နေကြတယ်။
ဒီလောက်လှတဲ့ မြင်ကွင်းကို ပန်ချီကားထဲမှာမှ ထည့်မသိမ်းထားရရင် သူ ဒီနေ့ အိပ်ပျော်တော့မှာ မဟုတ်ဘူး။
လေအဝေ့မှာ ပျံ့လွင့်လာတဲ့ ပန်းပေါင်းစုံတို့ရဲ့ မွှေးရနံ့။
ပြီးတော့...ပြင်းလည်းမပြင်း ပျော့လည်းမပျော့ မစူးမရှ ရနံ့သင်းသင်းလေးက သူ့ နောက်ကျောဘက်ကနေ ရလာတယ်။
အထူးသဖြင့် ညာဘက်ပခုံးဘက်နားကနေ။" ၅မိနစ်ပြည့်ပြီ ကိုကို အထဲဝင်ကြမယ်
ကိုကို မဝင်ချင်လည်း ဆောင်ဟွန်းက ခေါ်သွားမှာပဲ
ဒီမြင်ကွင်းလေးကို သေချာဓါတ်ပုံရိုက်ပေးထားတာမလို့ ကိုကို အိမ်ထဲရောက်မှ သေချာ အချောသတ်တော့ ဟုတ်ပြီလား... လာ သွားကြမယ် ကိုကို "ကျောပြင်ကနေ ပွေ့ဖက်လာကာ ပါးပြင်ကို ခပ်နွေးနွေး အနမ်းတစ်ပွင့်ခြွေရင်း ချစ်ရသူက သူ အိမ်ထဲ မဝင်ဝင်အောင် နည်းမျိုးစုံနဲ့ ချော့မြူဖျောင်းဖြနေရှာတယ်။