“HELL TICKET” အမည်ရှိ Gang ၏ တည်နေရာ ဌာနချုပ်။
Gang တစ်ခုပေမို့ ဌာနတိုင်းလိုလိုတွင် ချွေးတရဲွှရဲွှ သွေးတရဲရဲဖြင့် လှုပ်ရှားရုန်းကန်နေရသော်လည်း IT Department တွင်တော့ keyboard ရိုက်သံတစ်ဖြောက်ဖြောက်မှ တစ်ပါးငြိမ်သက်လို့နေသည်။
အော်•••နောက်ထပ်ပြောရရင် လူတစ်ယောက်၏ ရင်ခွင်ထဲတွင် ဇိမ်ကျနေသော အဖြူရောင် ကြောင်တစ်ကောင်၏ ဝမ်းဗိုက်ထဲမှ လာသော မြည်သံ တခွီးခွီး။ လူတစ်ယောက်မျှ မရှိဘူးထင်ရလောက်အောင် ငြိမ်သက်နေသော်လည်း IT Departmentတွင် လူအယောက် ၂၀ရှိနေသည်။
အခန်းတွင်းရှိ လူအားလုံးဟာ ကိုယ့်အလုပ်နဲ့ကို အာရုံစိုက်နေကြပေမယ့် ရင်ခွင်ထဲက ကြောင်ကို ပွတ်သတ်ပေးနေတဲ့ လူငယ်၊တစ်နည်းအားဖြင့် ဒီနေရာရဲ့ အစွမ်းထက်ဆုံး ရွှေလက်ပိုင်ရှင်၊ ပင်မရုံးခန်းနှင့် တိုက်ရိုက်ချိတ်ဆက်ခွင့်ရှိသော IT Department ရဲ့ တစ်ဦးတည်းသောသူ ကတော့ လက်တစ်ဖက်က တစ်ခေါင်းလုံးဖြူဖွေးနေတဲ့ ဆံနွယ်တွေဆီ ထိုးဖွလိုက်ပြီး ခပ်သာသာ ပြုံးလေသည်။
အချိန်တော်တော်များများမှာ အပျင်းတစ်နေတတ်တဲ့ လူငယ်က အခုတလော သူ့ကွန်ယက်ကို လာလာထိနေတဲ့ မြေကြွက်ကလေးတွေကြောင့် အပျင်းပြေနေရသည်။
သူ အခုတလော ငါးမျှားနေတာဖြစ်သည်။ ငါးစာလေးချပေးလိုက် တစ်ဖက်လူကို trace လိုက်နဲ့။ အကုန်မသိရသေးသော်လည်း အခုသိလိုက်သော Data တွေကို report တင်ဖို့ရာ ရင်ခွင်ထဲက ဇိမ်ယူနေသော အကောင်ပေါက်ကို အသာမ,လို့ စားပဲွ၏ လွတ်တဲ့နေရာမှာ နေရာချပေးလိုက်တော့ အိပ်လျက်သားနှင့်မို့ စိတ်ချလက်ချ ဖြစ်သွားကာ ချန်ထားခဲ့ဖို့ ဆုံးဖြတ်လိုက်သည်။
ဇိမ်ကျနေသော ကြောင်ကလေးဟာ သခင်ရဲ့ ကိုယ်ငွေ့လွတ်တာနဲ့ မျက်လုံးလေးတွေ ပွင့်လာသည်။
ထို့နောက် မပီမသ ပွင့်လာတဲ့ မျက်လုံးထဲမှာ မြင်လိုက်ရတာက သူ့သခင်လက်တွေ လှုပ်ရှားနေကျ နေရာပေါ်မှာ ပိုးကောင်က ရစ်ဝဲနေတာမို့ နားရွက်လေးတွေကို လှုပ်ခတ်ပစ်လိုက်ရင်း keyboard ပေါ် ဖတ်ကနဲ့ ခုန်အုပ်လိုက်တော့ Screen ပေါ်မှာ ပေါ်လာတဲ့ အပြောင်းအလဲတွေ။