Part ( 22 ) ( Unicode )

1.1K 58 4
                                    

~ ~ ~ ~ ~

ယာထဲကပြန်လာတော့ခဏနားလိုက်ပြီး ရေချိုးမလို့
ရေကန်ဘက်ထွက်လာတော့ စော ကို အိမ်နောက်ဖက်က
သစ်ပင်အောက်မှာထိုင်နေတာတွေ့လို့ ရောင်နီလည်း
စော ရှိတဲ့နေရာဆိီ လျှောက်သွားလိုက်တယ် ။

စော "

"ဗ်ာ "

"ဒီနားမွာ ဘာထိုင်လုပ်နေတာလဲ "

"ဒီမှာလေ လက်သည်းညှပ်နေတာ အကိုကော
ရေချိုးတော့မလို့လား လာ ဒီဘေးမှာလာထိုင်အုံး "

"ရေချိုးတော့မလို့ စော ကော ရေမချိုးသေးဘူးလား "

"ချိုးမှာ ရေမချိုးခင် လက်သည်းထိုင်ညှပ်နေတာ
ပေး အကို့လက် လက်သည်းညှပ်ပေးမယ် "

ကျွန်တော့်ဘေးနားလာကပ်ထိုင်ရုံရှိသေးတဲ့ အကို့လက်ကို
လက်သည်းညှပ်ပေးမလို့ ဆွဲယူလိုက်တယ်အကိုကတော့
ထူးထူးဆန်းဆန်းနဲ့ ဘာတွေကြည့်နေသည်မသိ
ကျွန်တော်လုပ်သမျှကိုသာ လိုက်ကြည့်နေတယ်လေ ။

"အကို့လက်လေးတွေကလည်း သွယ်သွယ်လေးတွေပဲနော် "

အကို့လက်ချောင်းလေးတွေကလေ သန့်ပြန့်ပြီး သွယ်နေတယ်တကယ်တော့ အကို့လက်သည်းတွေက မရှည်နေပါဘူးလက်ဖျားထိပ်လေးတွေမှာ လခြမ်းလေးကွေးနေသလို
ဝိုက်ပြီးညှပ်ထားတာမျိုး လက်သည်းထိပ်ကလေးတွေက
ကြည်နေတာ ။

"လက်သည်းက ရှည်လည်းမရှည်ဘူး
လက်သည်းညှပ်ပေးချင်ပါတယ်ဆို ကျွန်တော့်မှာအကျင့်တခု
ရွိတယ္သိလား ကျောင်းသွားတိုင်းလည်း လက်သည်းညှပ်
ဆောင်ထားတာ ကျောင်းရောက်လို့ အားလပ်တဲ့အချိန်ဆို ကလေးငယ်လေးတွေကို လက်သည်းခေါ်ညှပ်ပေးနေကျ
အဟင်း ! ကျွန်တော်က လက်သည်းရှည်နေတာတွေမြင်ရင် ညှပ်ချင်နေတာ "

"ပြောပါအုံး ကိုယ့်ရဲ့စောက ဒီနေ့သဘောတွေ
ကောင်းနေသလိုပဲနော် ဟင် ဘာတွေသဘောကောင်းနေ
တာလဲအိမ်ကလူကြီးတွေမြင်မှာမကြောက်တော့ဘူးလား "

"အကိို့ကိုခေါ်ပြီးလက်သည်းညှပ်ပေးလို့လည်း တမျိုးထင်
သွားမဲ့သူမရှိဘူးသိလား တအိမ်သားလုံးကျွန်တော့်
အကြောင်းသိတယ်ဖေကြီးတို့မေကြီးတို့ လက်သည်းတွေ
ရှှည်နေလို့ မညှပ်ပဲမေ့နေရင်ကျွန်တော်ညှပ်ပေးပြီသာမှတ်ပဲ ဒါပေမဲ့ ကျွန်တော်က တုံးတိတွေညှပ်ပေးလို့တဲ့ လက်စွယ်
ငုတ်တယ်ဆိုပြီး ခဏခဏပြောတယ် "

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Onde histórias criam vida. Descubra agora