Part-23

5.2K 188 9
                                    

Unicode

Taehyungခွဲခန်းထဲဝင်သွားတော့ အရှေ့မှာ Jungkookမိဘတွေနဲ့Yoongiကျန်နေခဲ့သည်။
Jungkookကတော့ ခွဲခန်းထဲကိုယောကျာ်းလိုက်ရတယ်ဆိုလို့ လိုက်ဝင်သွားတော့သည်။

Taehyungကိုထုံဆေးပေးပြီး ခွဲစိတ်ရန်ပြင်လိုက်သည်။

"Taeဘာမှ မကြောက်နဲ့နော် ကိုယ်အနားမှာရှိတယ် သိလား "

Taehyungနှာဖူးလေးကိုအနမ်းခြွေပြီးပြောလိုက်သည်။

"Jeon ကျွန်တော် Jeonကို ချစ်တယ်နော်"

Taehyungစကားကြားတော့ Jungkookမျက်ရည်များ ဝဲတက်လာသည်။

"Tae ကိုယ့်ကို တကယ်ချစ်တာလား "

"တကယ်ချစ်တာပေါ့ Jeonရယ် Jeonကိုအရင်ထဲက ကျွန်တော် ချစ်နေခဲ့ရတာပါ "

"ကိုယ်လည်း Taeကိုအရမ်းချစ်တယ်နော် အခု Taeဘာမှ စိတ်မပူနဲ့နော် သားလေး လူ့လောကထဲရောက်တော့မယ် ကိုယ်တို့ရဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ကြမယ်နော်"

"ဟုတ်ကဲ့...Jeon"

Taehyungကြောက်မှာ ဆိုးလို့ဘေးကနေ စိတ်ပြောင်းအောင် စကားတွေပြောနေတော့သည်။
ထုံဆေးထိုးထားတဲ့အရှိန်နဲ့ အောက်ပိုင်းကတော့မနာကျင် ဆရာဝန် တွေလည်း Taehyungဗိုက်ကို ခွဲပြီး ကလေးကိုဆွဲထုတ်လိုက်သည်။

"အူဝဲ....အူဝဲ...."

"ကလေးအဖေ ချက်ကြိုး လာဖြတ်ပေးပါ ကလေးထွက်လာပြီ"

Jungkookလည်း ကြောက်ကြောက်နဲ့ ကလေးချက်ကြိုးကို ဖြတ်လိုက်သည်။

ကလေးကိုသန့်စင်ပေးပြီး Jungkookလက်ထဲ
ထည့်ပေးလိုက်သည်။

Jungkookတစ်ယောက်သူ့သားလေးရဲ့မျက်နှာကိုမြင်တော့ အပျော်လွန်ပြီးမျက်ရည်ကျမိသည်။

"Taeကြည့်ပါဦး ကိုယ်တို့သားလေးကချစ်စရာလေး"

Taehyungလည်းသူ့သားလေးကိုကြည့်ပြီး ပြုံးနေမိသည်။

Taehyungကိုကလေးပြပြီး ခွဲခန်းထဲက ထွက်လာခဲ့သည်။

"သား မေမေ မြေးလေးကို ပေးပါဦး မေမေချီချင်လို့"

Jungkookအမေလည်းကလေးကို လက်လွှဲယူလိုက်သည်။

"မေမေ ကလေးကိုချီထားဦးနော် Tae စီသွားဦးမယ် သူ့ဗိုက်ကို ပြန်ချုပ်နေတာ ကျွန်တော် အနားမှာမရှိရင်ကြောက်နေလိမ့်မယ်"

Sex PartnerWhere stories live. Discover now