MX 20

5.8K 433 59
                                    

Unicode

"ရှောင်း"

ရိပေါ်သည် စိုးထိတ်စွာနဲ့ သတိရလာပြီး မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ သူ့ကို ငုံ့မိုးကြည့်နေတဲ့ လူတစ်ယောက်ကို အတွေ့မှာ အံ့အားသင့်သွားရတော့သည်။

"ရှန် ကျွင်း"

"ဟုတ်ပ ကျုပ် ပဲ"

ရှန်ကျွင်းက ခပ်တည်တည်ပြန်ဖြေရင်း ရိပေါ်ရဲ့ လက်တွေကို ထိကိုင်လာသည်။ ရိပေါ်က အတင်းဆောင့်ရုန်းလိုက်ပြီး ရှန်ကျွင်းကို တွန်းထုတ်ပစ်လိုက်သည်။

"ဟင်"

ရိပေါ်က မယုံနိုင်သလိုအံ့ဩသွားပြီး နောက်တစ်ကြိမ် အတွင်းအားသုံးလို့ ရှန်ကျွင်းကို လက်ဝါးသိုင်းနဲ့ လှမ်းရိုက်လိုက်သည်။ ရှန်ကျွင်းက ခပ်မဲ့မဲ့ပြုံးရင်း သူ့ကို စိုက်ကြည့်နေသည်။

"အားကုန်မခံနဲ့ ဝမ်ရိပေါ်။ မင်းရဲ့အတွင်းအားတွေနဲ့ သိုင်းပညာကို ထိန်းချုပ်ထားပြီးပြီ။ ဇွတ်အတင်းကြိုးစားရင် မင်းပဲ ထိခိုက်လိမ့်မယ်"

"ရှောင်း ရော"

"ရှောင်း..."

ရှန်ကျွင်းက သံယောင်လိုက်ရင်း ခပ်လှောင်လှောင်ရယ်နေသည်။ ရိပေါ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ဒေါသသံဖြင့်

"မင်း သူ့ကို ဘာလုပ်လိုက်သလဲ။ သူ တစ်ခုခုဖြစ်ရင် မင်းကို အရှင်မထားဘူး"

"အဟက်... အခု မင်းအနေအထားက ဒီစကားပြောတာ ဖြစ်နိုင်ရဲ့လားဆိုတာ သေချာစဉ်းစားပါဦး"

"ရှောင်း ရော... ရှောင်း ဘယ်မှာလဲ"

ရိပေါ်က ရှန်ကျွင်းရဲ့အင်္ကျီရင်ဘတ်ကို ဆွဲဆုပ်ပြီး အော်မေးလိုက်တော့ ရှန်ကျွင်းက ပြုံးရယ်လိုက်ပြီး ရိပေါ်တစ်ကိုယ်လုံးကို ဆွဲဖက်လိုက်သည်။ ရိပေါ်က ရုန်းဖယ်လိုက်ပြီး လက်သီးနဲ့ ဆွဲထိုးလိုက်ပေမယ့် ရှန်ကျွင်းက ပန်းနဲ့ပေါက်သလောက်တောင် ဖြစ်မသွားပေ။

အားကုန်သုံးလိုက်ပေမယ့်လည်း လူက အင်အားလျော့နည်းနေပြီး ပါးစပ်ထဲမှ သွေးတွေ အန်ထွက်လာသည်။ ရှန်ကျွင်းက သွေးပွက်တွေကို လက်ခုပ်နဲ့ခံထားရင်း စိုးရိမ်တကြီးဖြင့် ရိပေါ်ရဲ့ ရင်ဘတ်က သွေးကြောတစ်ခုဆီ လက်ညှိုး လက်ခလယ်နဲ့ အသာထိန်းပေးလိုက်သည်။

My Xiao (ငါ့ရဲ့ရှောင်း)Where stories live. Discover now