Story 11

2.5K 135 5
                                    

Unicode
.................

မနက်ခင်းအစမှာ ချစ်ရသူရင်ခွင်ထဲကနေ နိုးထလာရတဲ့အရသာက ဘာနဲ့မှမလဲနိုင်ချေ။ ခုဆိုရင် လရိပ်ချိုက မွေးဖွားဖို့ရက်ကပ်နေပီဖြစ်တာကြောင့် မင်းစစ်ပို၍ပင် ဂရုစိုက်ရသည်။ ယခင်တစ်ခါ Rut ကာလတုန်းကလည်း သူ့စကားကိုနားထောင်တဲ့ ကောင်လေး။ သူချမှတ်ထားတဲ့ စည်းကမ်းတွေကို သတွေမတိမ်းလိုက်နာလေ့ရှိသည်မို့ မင်းစစ်မှာ အချစ်ပိုရပြန်သည်။

ဗိုက်ကလေးက စူစူလေးဆိုတော့ ထိုင်ရထရ အိပ်ရပြုရ သိပ်အဆင်မပြေသည်မို့ သေချာအောင်လည်းလုပ်ပေးရသည်။ လရိပ်ချိုကလည်း သူ့ကိုမကြောက်တော့ပဲ သံယောဇဥ်ပင်ရှိလာလေသည်။

မင်းစစ်လည်း ကလေးလေးမွေးပီးရင် လရိပ်ချိုနဲ့လက်ထပ်ဖို့စီစဥ်ထားပီးသားပင်။ ပီးရင် ဖခင်ဖြစ်သူနဲ့လည်း တရားဝင်မိတ်ဆက်ပေးမှုလည်း လုပ်ရပေဦးမည်။ သူတို့နှစ်ယောက်ရဲ့ နေ့ရက်တွေက အဆင်ပြေလွန်းလှသဖြင့် အများကအားကျနေရသည်အထိပင်။ ဒီလိုမပူမပင် မကြောင့်မကျတဲ့နေ့ရက်တွေက ကြာရှည်ခံနိုင်မည်လားတော့ မည်သူမှမပြောနိုင်ခဲ့ပေ။

လရိပ်ချို အိပ်ရာပေါ်မှ လူးလိမ့်ကာ အနွေးဓာတ်ရှိရာနေရာသို့ တိုးကပ်ပီးနိုးထလာခဲ့သည်။ သူ့မျက်လုံးလေးတွေပွင့်လိုက်ချိန်တွင် မြင်လိုက်ရသည့်မျက်နှာချောချောလေး။

လရိပ်ချိုကြည့်ရင်း မနေနိုင်စွာ ထိုအယ်လ်ဖာရဲ့မျက်နှာကို လက်ထိပ်ကလေးဖြင့်အသာ ထိကြည့်နေမိသည်။

''ဒီလူကြီးဘာလို့များ အဲ့လောက်ချောနေရတာလဲ... မျက်ခုံးလေးကလည်း တန်းနေတာပဲ။ နှာတံလေးလည်းစင်းစင်းလေး၊ နှုတ်ခမ်းလေးကလည်း.... ''

ဆိုပီး ထိုနေရာအနားရောက်တော့ ခေတ္တမျှရပ်သွားကာ....

''အဟိ.... သူများတွေများ ချောလိုက်တာ.. ဟွန့်... မနာလိုချင်စရာကြီး''

မင်းစစ် သူ့ရှေ့ကကောင်လေး ကျိတ်ပီးပြောနေထဲကနိုးနေပီးဖြစ်သလို သူဘယ်လောက် ချောကြောင်းပြောနေတာ ဆိုတာ ဘယ်လိုလေးမှန်းကိုမသိ အသဲယားစရာလေးပင်။ ပီးတော့ လက်ကလည်းအငြိမ်မနေပဲ ဟိုနားပွတ်လိုက် ဒီနားပွတ်လိုက်နဲ့ လက်ဆော့နေသေး။

နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ