မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည်
အပိုင်း ၁၀
"ဟဲ့ ငါတို့ထပ်စောင့်ရအုန်းမှာလား "
မဒီ အအေးသောက်နေရင်းနဲ့ စာအုပ်ဖတ်နေတဲ့ခွာညို့လက်ထဲကစာအုပ်ကိုဖယ်ရင်း ပြောလိုက်လေသည်။
"ဘာဖြစ်တာလဲ နင်ကလဲ ငါစာဖတ်ကောင်းနေတာကို"
"ငါတို့ထွက်လာတာ၁နာရီကျော်နေပြီနော် ပြန်ရအောင်"
တည်တံ့နဲ့မေဇူးကိုနှစ်ယောက်ထဲရှိနေစေချင်တဲ့အတွက်သူတို့က Cafeမှာထိုင်နေခဲ့တာ ၁နာရီကျော်ကျော်လောက်ရှိနေလေပြီ။
"ခနလေးပါ အေးဆေးပေါ့"
"အေးဆေးနေ ငါကတော့ရင်တွေတုန်နေပြီ "
"ဘာလို့တုန်း နင်နှလုံးရောဂါဖြစ်နေတာလား"
"ဒီဖေ...."
မဒီ ခွာညို့ကိုဆဲလိုက်လေသည်။
"မဟုတ်ဘူးလေ နင်ကရင်တုန်တယ်ချညိးပြောနေတာကိုး"
"ငါရင်တုန်တာက မေဇူးအတွက်ဘဲ သူ့ဦးတည်က မေဇူးကိုချစ်တယ်လို့ဝန်ခံပါ့မလား အဲ့တာကိုစိတ်ပူတာ"
"အေး နင်ပြောမှငါတောင်ရင်တုန်ချင်လာပြီ မြန်မြန်သောက် သွားရအောင်"
"ကုန်ပြီ သွားမယ် "
နှစ်ယောက်သား Cafeမှ ခပ်သွက်သွက် ပြန်လာခဲ့လေသည်။
%%%%%%%%%%
"ဆေးကိုမှန်မှန်သောက်နော်"
သွေးပေါင်ချိန်စမ်းပြီး အကြောဆေးပါထိုးပေးနေသော ချစ်သူကို မေဇူး လှဲနေရာကနေ တစိမ့်စိမ့်ကြည့်ရင်းပြုံးနေမိသည်။
ဆရာဝန်ဆိုတဲ့အတိုင်းဘဲ ဆေးသောက်ဖို့တဖွဖွပြောနေသောလူကြီးကို မေဇူးခေါင်းငြိမ့်ပြီး နာခံရလေသည်။
"ဟုတ်ကဲ့ပါ မေဇူး အရင်ကလိုဆေးမကြောက်တော့ပါဘူး "
"ဟုတ်လား ဒီအတောအတွင်း ဆေးသောက်မပျင်းတော့ဘူးပေါ့"
"ဒါပေါ့ "
သူ့ကိုကျောခိုင်းကာ နားကြပ်ကိုဘူးထဲထည့်နေတဲ့ချစ်သူ့ပခုံးပေါ် မေဇူးမေးတင်ပြီး လက်ကလဲ သူ့ခါးကိုဖက်လိုက်လေသည်။
VOCÊ ESTÁ LENDO
မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည် (completed)
Romance10နှစ်ကျော်ကွာတဲ့ ဆရာနဲ့တပည့်လေး အချစ်ဇာတ်လမ်းလေးပါ