အပိုင်း၂၉(Unicode)

195 5 4
                                    

"မောင်လို့ခေါ်"

"ဟင်"

သူ့တောင်အပြောမဆုံးခင် ဖြတ်ပြောလာတဲ့ ခေါ်ဖို့ပြောလာသော အခေါ်အဝေါ်ကြောင့် လွမ်း လန့်သွားရသည်။

"ဘာကိစ္စ ငါ့ က ခေါ်ရမှလဲ"

"မခေါ်တာ သေချာလား လွမ်း"

"သေချာတယ်"

"လာခဲ့"

လွမ်းကို မျက်နှာချင်းဆိုင်ကနေ ရုတ်တရက်သူအောက်ပို့လိုက်ကာ သူ့ကတော့ လွမ်းရဲ့အပေါ်ကနေ မိုးအုပ်ထားလေ၏။သူ့သန်မာတယ်ဆိုပြီး လူကို ထင်သလိုလုပ်နေတဲ့ ခွန်းသက္ကရာဇ်စျာန်။

"ခင်ဗျားကို ရွေးစရာ ၂ခုပေးမယ် ကျွန်တော်ကို မောင်လို့ခေါ်မလား ဒါမှမဟုတ် ခုချက်ချင်းမင်္ဂလာဦးညလုပ်လိုက်ရမလား"

"ကျွန်တော်မျက်နှာကို ကြည့် လွမ်း"

သူ့ပြောတာကို အရေးမစိုက်သလို ဟိုဘက်လှည့်တော့မည့် လွမ်း မျက်နှာကို မေးဖျားကနေ လက်ဖြင့် ဆွဲကာ သူ့မျက်နှာကို တည့်တည့်ကြည့်ခိုင်းပြန်သည်။သူ့သူငယ်ချင်းတွေနဲ့အတော်သောက်လာတဲ့အရက်ခိုးကြောင့်လား မသိပေ သူ့၏မျက်ဝန်းတွေက ရီဝေဝေအကြည့်တွေဖြင့် လွမ်းကို စိုက်ကြည့်နေလေသည်။

"ဘယ်တစ်ခုရွေးမှာလဲ လွမ်း"

"ခင်ဗျား မရွေးရင် ကျွန်တော်ဘာသာ ရွေးလိုက်ရင် ခင်ဗျား နောင်တရနေမယ်ထင်တယ် လွမ်း"

လွမ်း သူမျက်နှာစိုက်ကြည့်၍ သူ့ပြောစကားတွေကို မသိချင်ယောင်ဆောင်ကာ ဘာမှမပြောဘဲနေတော့ မျက်နှာတွင် ပေါ်လာတဲ့ ညာဘက်ပါးချိုင့်။

"ခင်ဗျား မရွေးတော့ ကျွန်တော်ဘာသာရွေးရတာပေါ့"

ချက်ချင်း လွမ်းရဲ့မျက်နှာအနားတိုးကပ်လာပြန်သော ခွန်းသက္ကရာဇ်စျာန်မျက်နှာကြောင့် လွမ်း ဘာလုပ်ရမလဲမသိပေ။သူခေါ်ခိုင်းသလို မခေါ်ရင် သူ့အစားခံရမည်။ခေါ်ပြန်ရင်လည်း လွမ်း ဘယ်မျက်နှာနဲ့ခေါ်ရမလဲ။သူ့အဖြစ်က စုပ်လည်းစူး စားလည်းရူး ဖြစ်နေလေရဲ့။

"ခင်ဗျားရွေးဖို့ အချိန်ရှိသေးတယ်နော် လွမ်း"

နက်နဲ့လွမ်းရဲ့ မျက်နှာ၂ခုအလွန်ထိကပ်နေရုံသာမကဘဲ နက်ထွက်သက်ဝင်သက်လေနွေးနွေးလေးတွေက လွမ်းမျက်နှာပေါ်ဖြတ်ပြေးနေသည့်က အသဲယားစရာကောင်းလှလေသည်။

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Donde viven las historias. Descúbrelo ahora