Part.6(2)

374 54 10
                                    

Unicode




"နမ်ဂျွန်း မင်းများနေပြီ.......ဆော့ဂျင်တို့ကိုပြန်လိုက်ပို့ပေးရဦးမှာမလား"

နမ်ဂျွန်းကို ပြောသာပြောတယ်။ဟိုဆော့ကိုယ်တိုင်လည်း အခွက်ရေများများသောက်ထားပြီဖြစ်ရာ အာလေးလျှာလေးအသံဖြစ်လို့နေပြီ။ဆော့ဂျင်ကတော့ ဒယိန်းဒယိုင်​ဖြစ်နေသည့်နမ်ဂျွန်းကိုကြည့်ကာ စိတ်ကုန်တယ်ဆိုသည့်အကြည့်ဖြင့် စိုက်ကြည့်နေသည်။

ရေဘူးသွားယူတဲ့ အစ်ကိုထယ်ယောင်းနဲ့ဂျောင်ကု ​ပြန်လာပြီးနောက် နဲနဲသောက်ဦးမယ်ဆိုကာ ပြန်လိုက်ပို့ဖို့အရေး အချိန်ဆွဲနေခြင်းဖြစ်သည်။သူတို့တေ ဆူဆူညံညံအော်ဟစ်ပြီး တစ်ခွက်ပြီးတစ်ခွက်သောက်နေတာကို နာရီဝက်​ကျော်ကြာမြင့်စွာ စိတ်ဒုက္ခခံပြီးထိုင်စောင့်နေရ​​သေးတယ်။အခုတော့ သူနဲ့ဂျောင်ကုကိုပြန်လိုက်ပို့ဖို့အသာထား အစ်ကိုနမ်ဂျွန်းမှာသူ့ကိုယ်သူတောင် အိပ်ခန်းထဲရောက်အောင်သွားနိုင်မည့်ဟန်မပေါ်။အမူးသမား သုံးယောက်ထဲမှာ အစ်ကိုထယ်ယောင်းတစ်ယောက်သာလျှင် ရေချိန်မကိုက်သေးဟန်ရှိသည်။




"ဒီပုံအတိုင်းဆို မင်းအစ်ကိုတော့ ​​ပြန်လိုက်ပို့ပေးနိုင်တော့မယ်မထင်ဘူး"

လက်ထဲမှာရှိတဲ့အရက်ခွက်ကို လှုပ်ရမ်းရင်း ထယ်​ယောင်းပြောတော့ မျက်နှာချင်းဆိုင်တွင် ဖုန်းထိုင်သုံးနေတဲ့ကောင်လေးက မော့ကြည့်လာသည်။သူ့မျက်ဝန်းတေနဲ့ ထယ်ယောင်းမျက်ဝန်းတို့ စုံစည်းခိုက် နားလည်ရခက်တဲ့အငွေ့အသက်အချို့က ရစ်ပတ်ပြီးဆွဲငင်နေသလို ထယ်ယောင်းအကြည့်မလွှဲနိုင်ခဲ့ပေ။အဲ့အစား မျက်ဝန်းစုံမှိတ်၍သာ ထယ်ယောင်းရီမောလိုက်မိသည်။

"ဟင်း~~ကိစ္စမရှိပါဘူး..........ကျွန်တော်တို့ဘာသာ ကားငှားပြီးပြန်လိုက်တော့မယ်"

ဆော့ဂျင်အသံကြားမှ ဂျောင်ကုလည်း ထယ်ယောင်းအား သတိလက်လွတ်စိုက်ကြည့်နေမိမှန်းသိတော့သည်။စိတ်ထဲမှာလည်း သူ့ကိုကြည့်ပြီး လှောင်ပြောင်သလိုရယ်သွမ်းလိုက်တဲ့ ထယ်ယောင်းအား ဘဝင်မကျလျက်။ချက်ချင်းဆိုသလိုအကြည့်လွှဲ၍ ကြည့်လက်စဖုန်းအားပိတ်ကာ ဆော့ဂျင်ကိုလက်တို့ရတော့သည်။

'နှလုံးသားဝယ် မင်းမူစေ'Where stories live. Discover now