အခန်း ၂၄၄

1.7K 105 2
                                        

အခန်း ၂၄၄။

သူမကို သူ ချစ်တယ်

အချိန်တိုက်စားခြင်းလောက် တိုက်စားနိုင်သည့်အရာ မရှိချေ။

အာကာသကစပြီး လူသားကြား ဆက်ဆံရေး၊ သူငယ်ချင်းဆက်ဆံရေး၊ အချစ်၊ အချိန်ကာလကြာသော် အားလုံးက ပြိုလဲကုန်၏။

သို့သော် မုပိုင်က မူမမှန်မှုတစ်ခုဖြစ်သည့် မယိမ်းယိုင်သော စိတ်ဓာတ်ကို ရှာတွေ့လိုက်ရသည်။

ရှင်းဟယ် အသက်ရှင်နေသရွေ့ သူမစိတ်ဓာတ်က ညှို့ယူဖမ်းစားနိုင်သောပုလဲကဲ့သို့ ဆက်လက် တောက်ပနေမည်။

ပုလဲနှင့် တူ၍ ၎င်းကို တန်ဖိုးထားရမည်။ မုပိုင်အတွက် သူ့ဘဝတွင် ကြုံခဲ့ဖူးသမျှ၊ သူလိုက်ရှာနေခဲ့ရသည့် အဖိုးတန်ဆုံးဖြစ်သည်။

ရှင်းဟယ်၏ စိတ်ထဲတွင် သူ့ကို သိပ်ထည့်မတွေးမှန်း သူသိသော်လည်း သူ တစ်ဘဝလုံး ၎င်းကို ကာကွယ်ချင်မိသည်။

သူ့ဘဝတွင် သူပန်းတိုင်ကို ရှာတွေ့သွားပြီဖြစ်၏၊ သူမ၏ အုပ်ထိန်းသူ
ဖြစ်ရန်ဖြစ်၏။

သူမ မလိုအပ်ဘူးဆိုတာ သူသိသော်လည်း သူကြိုးစားမည်ကို
ဘာကမှ မတားဆီးနိုင်ပေ။

မုပိုင်မျက်လုံးထဲ၌ ရှင်းဟယ်သည် ဝင်းလက်တောက်ပနေ၏၊ အခြားသူများက မုပိုင်မြင်ရတာ၏ အနည်းငယ်ကိုသာ မြင်ရလေသည်။ ရှင်းဟယ်ဆီမှ ဝင်းလက်တောက်ပနေသည့် အလှတရားကြောင့် သူတို့ လေးစားနေသည်။

သခင်မရှီးပင် ရှင်းဟယ်ကို လေးစားသွား၏။ သူမစိတ်ထဲ နောင်တတရားတို့ ပြည့်လာ၏။ သူမ ယခင်က လုပ်ခဲ့သမျှက အမှားများဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ရှင်းဟယ် ပိုပိုတောက်ပလာလေလေ၊ ထျန်းရှင်း၏ မနာလိုဝန်တိုမှုတို့
မြင့်တက်လာသည်။

မုပိုင် ရှင်းဟယ်ကို ကြည့်သည့်အကြည့်က သူမရင်ထဲ အပြီးတိုင် စွဲထင်သွားတော့မည်ဖြစ်၏။

သူ့မျက်ဝန်းထဲမှ နက်ရှိုင်းလှသော အချစ်တို့ကို သူမတွေ့နေရသည်။ သူ သူမကို ချစ်နေတယ်ဆိုတာ သူမ သေချာသိလေသည်။

လူငယ်သဘာဝ စိတ်ကစားသည့် တစ်ဖက်သတ်အချစ်မျိုးမဟုတ်၊ ဖူးစာဖက်ကြားက အချစ်။

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora