"ငါ့ဘေးနားမှာ ကပ်ပါးတစ်ကောင်လိုနေရတာ ပျော်လား။"
လူတွေအများကြီးမှ အများကြီး။
တစ်ကျောင်းလုံးက ကျောင်းသားတွေအကုန်ဒီနေရာမှ လာစုနေကြသလို ဆောင်းဟွန်းနဲ့ ဂျေးကို ပွဲကြည့်သလို ကြည့်နေကြတယ်။"မင်းရဲ့ ဒီအမှိုက်ကိုကောက်သွား"
ကြမ်းပြင်ကြွေပြားဖြူဖြူပေါ်မှာ Starbucks ကော်ဖီတစ်ခွက်က ပစ်စလတ်ခပ်လဲနေပြီး ရေခဲတုံးတွေက ပြန့်ကျဲလို့ ကော်ဖီရေတွေက ဂျေးဖိနပ်ပေါ်မှာရော ကြမ်းပြင်အနှံရော နေရာယူထားတယ်။
ဆောင်းဟွန်းရဲ့ရှေ့ဆက်လျှောက်တဲ့ ခြေတလှမ်းမှာ ကော်ဖီဗူးခွံကို ကန်ကျောက်ပစ်လိုက်ေသးတယ်။
"ဝိုးး "
"ဒီကောင် တော်တော်ဇွဲကောင်းတာပဲ"
"သူက ယောကျာ်းချင်းကြိုက်နေတာလား"
"လူက တောင့်တောင့်ဖြောင့်ဖြောင့်ကြီးကို ဂေးနေတယ်ပေါ့"
လူပုံအလည်မှာရပ်နေတဲ့ ဂျေးက အတင်းအဖျင်းရော ရှေ့တင်ပါ လူပြောစရာဖြစ်နေမှာပေါ့။
မျက်မှန်ကို တစ်ချက်ပင့်တင်ကာ ဝတ်ထားတဲ့ ဆွယ်တာအင်္ကျီကိုအပေါ်တစ်ချက်ဆွဲတင်ပြီး ကော်ဖီဗူးခွံကိုကောက်လျက် အမှိုက်တောင်းထဲပစ်ထည့်လိုက်တယ် ။
ဖိုက်တင်း။
နောက်နေ့မှ ဆောင်းဟွန်းစားချင်တာ ထပ်ပြီးသွားပေးမယ်။
အွန်း သူမသိအောင် သွားပေးလိုက်မယ်။..............
ခုံပေါ်မှာ မှောက်အိပ်နေတဲ့ ဆောင်းဟွန်းဆီ sandwich တစ်ဗူးရောက်လာတယ်။အိပ်ချင်မူးတူးဆောင်းဟွန်းမော့ကြည့်တော့ ဆောင်းဟွန်းနဲ့ခုံချင်းကပ်ရပ်က ကောင်မလေး။ကောင်မလေးက ဂျေးဘက်တစ်ချက်ကြည့်တော့ ဆောင်းဟွန်းနားလည်သွားတယ်။မကြာပါဘူး ဆောင်းဟွန်းကိုင်ထားတဲ့ Sandwich ဗူးက လေထဲမှာလွင့်ပျံလျက် ဂျေးရဲ့ခန္ဓာကိုယ်ပေါ်ကျရောက်လာတယ်။
ခြေရင်းမှာကျသွားတဲ့ Sandwich ဗူးကို ဂျေးကောက်ယူကာ ဘေးပတ်ဝန်းကျင်ကို မကြည့်ရဲကြည့်ရဲဖြင့်ပြုံးပြနိုင်လိုက်တယ်။